.. ၁၇၂ ..
8.8K 965 16
《Zawgyi》
အပိုင်း - ၁၇၂
[ဘယ်တော့ လက်ထပ်မှတ်ပုံတင်မှာလဲ?-၃]
သိပ်မကြာခင်မှာ ချင်းစုယွဲ့ဟာ တရုတ်ယဉ်ကျေးမှု အမွေအနှစ်ပွဲ တစ်ခုအား စီစဉ်တင်ဆက်ပေးရန်အတွက် ဖိတ်ကြားခံရလေသည်။ ချင်းစုယွဲ့က အစီအစဉ်ရဲ့ အကြောင်းအရာတွေကို ဖတ်ကြည့်ပြီး အဓိပ္ပါယ်ပြည့်ဝသည်ဟု ခံစားရ၍ သဘောတူလိုက်၏။ ထိုအစီအစဉ်က စတော့မည်ဖြစ်သဖြင့် သူမမှာ မနက်ဖြန်ဆိုလျှင် အလောတကြီး သွားရောက်ရပေတော့မည်။
သူမက ခရီးဆောင်အိတ်ကိုပြင်ပြီး ညရောက်တော့ ချန်းစီနျန်ကို ပြောပြလိုက်သည်။ ချန်းစီနျန်က ပန်းကန်စင်ကိုမှီရပ်ကာ သူမ အလုပ်များနေသည်ကိုကြည့်ရင်း သူ့အမူအယာက ထူးခြားနေ၏။
ချင်းစုယွဲ့ပြောပြီးတာတောင် သူက အကြာကြီး တိတ်ဆိတ်နေပေသည်။ အဲ့တာကြောင့် သူမက ဆက်ပြော၏။ "ကျွန်မ သိပ်မကြာခင် ပြန်လာမှာပါ ... လေးရက်ပဲလေ"
သူ့အမူအယာကတော့ မပြောင်းလဲပေ။
"မကြာခင် မင်္ဂလာဆောင်ရတော့မယ့် သတို့သမီးက အခုထိ သွားနေရတုန်းပဲလား?"
သူက သူမနားမှာ တစ်နေ့လုံးကပ်နေချင်တာထက်ပိုပြီး ဘာကိုမှ မလိုချင်ဘူးဆိုတာ ချင်းစုယွဲ့က သိလေသဖြင့် သူ့နားကို အပြုံးလေးဖြင့် လျှောက်သွားကာ သူ့ခါးကိုဖက်လျက် ရှက်ကိုးရှက်ကန်းပုံစံ လုပ်လေသည်။
"ကျွန်မခင်ပွန်းက ဆရာကြီးလို့ ဘယ်သူပြောတာတုန်း"
ချန်းစီနျန်က သူ့မျက်ဝန်းတွေကို မှေးကျဉ်းလိုက်သည်။
ချင်းစုယွဲ့က ခြေဖျားထောက်လျက် သူ့ကို အနမ်းရှည်ကြီး ပေးလိုက်လေ၏။
"ကျွန်မပြန်လာပြီးတာနဲ့ ဒီလို ထပ်မသွားတော့ပါဘူး ... ဒီမှာနေပြီး ကျွန်မတို့မင်္ဂလာနေ့ကို စောင့်နေနော် ဟုတ်ပြီလား?"
ချန်းစီနျန်က ချင်းစုယွဲ့ရဲ့ ခါးသွယ်သွယ်လေးကို ဖက်ကာ သူမအား နံရံတွင် ဖိထားလိုက်၏။ လက်တစ်ဖက်က သူမ ဘေးရှိ နံရံတွင်ထောက်လျက် ကျန်တစ်ဖက်ကတော့ သူမပါးလေးကိုပွတ်သပ်ကာ နက်ရှိုင်း၍ ဆွဲဆောင်မှုရှိသောအသံဖြင့် ဆို၏။
"ကိုယ့်ကို အဲ့လိုထပ်ခေါ်ဦး"