Chapter-7 (Unicode)

597 24 2
                                    


အမှားလေးများပါရင် ခွင်လွှတ်နားလည်ပေးစေချင်ပါတယ်။ အရေးအသားညံ့နေဆဲမို့ပါ။ ဖျက်ဆီးလိုတဲ့စိတ်နဲ့ရေးသားချင်းမဟုတ်ကြောင်းပြောပါရစေ။

ချစ်သောစိတ်နဲ့ဖတ်ရှု့ပေးတဲ့သူများကိုလဲကျေးဇူးတင်ပါတယ်။

"ဒီနေ့ကစလို့ ကျွန်တော်တို့နှစ်ယောက်လုံးဟာ ထင်မှတ်မထားပဲ အတူနေကျဖို့ဖြစ်လာခဲ့ကြတယ်။ တိုက်ထဲဝင်လိုက်တာနဲ့ သန့်ရှင်းသပ်ရပ်နေသော ကျွန်းပါကေးပြားများဟာ နင်းရက်စရာမရှိအောင် တောက်ပြောင်လွန်းလှသည်။"

Jayဘာတွေရပ်ငေးကြည့်နေတာလဲ အထဲဝင်လေ။ အပြင်မှာပဲ နေတော့မလို့စဥ်းစားနေတာလား။ မင်းကြည့်လိုက်ရင် အူတူတူပုံစံနဲ့ သွက်သွက်လက်လက်နေစမ်းပါ။ မင်းသွေးခန့်ပြောဆိုကာ တိုက်ထဲဝင်သွားလေသည်။

Jayကြည်နေတဲ့စိတ်ကလေးတို့ နောက်ကျိသွားလေသည်။ ဒီလူဟာလေ တစ်ခါတလေလူကို ချိုချိုသာသာဆက်ဆံတက်သော်လည်း တခါတလေကျအမြင်ကပ်ဖွယ်ကောင်းလောက်အောင် ပြောဆိုတက်လေသည်။ အခုလဲပြောသွားတာက ရိုက်သတ်ချင်စရာ ကိုယ့်ထက်အသက်ကြီးနေလို့ ငရဲကကြီးအုံးမယ်။ ပြန်ပြောရင်လဲ ရန်ကဖြစ်အုံးမယ်။ အထုပ်အပိုးတချို့ကိုဆွဲကာ jayလဲသူ့နောက်ကလိုက်ဝင်လာခဲ့လေသည်။

အကိုလေးတို့ရောက်လာပြီလား။ နောက်ထဲမှာ ကိုလေးတို့ရောက်လာရင် စားလို့ရအောင်ချက်ပြုတ်နေလို့မသိလိုက်တာ။ ကြီးကြီးကအပေါ်မှာ ဘုရားပန်းလဲနေတယ်ထင်တယ်။ ပစ္စည်းတွေထားခဲ့လေ ကျွန်အပေါ်ထပ်သယ်ခဲ့ပေးပါ့မယ်။

ရပါတယ်မနွယ်ကနောက်ထဲမှာချက်ပြုတ်နေတာပဲ။ ဒါတွေကျွန်တော်ဘာသာ အပေါ်ထပ်သယ်သွားလိုက်ပါ့မယ်။ ပစ္စည်းတွေကအများကြီးလဲမဟုတ်တော့လေ။ မနွယ်လုပ်စရာရှိတာသွားလုပ်တော့လေ။

ဟုတ်ကဲ့အကိုလေး လိုအပ်တာရှိရင်မနွယ်ကိုလှမ်းခေါ်လိုက်နော်။

ဟော သားတို့ရောက်လာပြီလား။ ကြီးလေးခင်ကမျှော်နေတာ။ သားတို့ရောက်လာပြီဆို မမကြီးကို ကြီးခင်ဖုန်းဆက်လိုက်အုံမယ်။ သားတို့ရောက်ပြီဆိုတာကို။

ကံကြမ္မာက ဖန်တီးပေးတဲ့ အချစ်Where stories live. Discover now