Chapter-8

571 25 4
                                    

လိုအပ်ချက်များနဲ့ကျွန်တော်ကိုအားပေးကြတဲ့သူတိုင်းကိုကျေးဇူးတင်ပါတယ်။

"Jayရောက်လာပြီလား ကိုယ်ကjayနဲ့သီချင်းနဲ့ပတ်သက်ပြီးပြောစရာတွေရှိနေလို့မျှော်နေတာ။ အခုရောက်လာတော့အတော်ပဲဖြစ်သွားတယ်။"

Jayကိုတမင်စောင့်နေရတာအားနာလိုက်တာဆရာရယ်။ Kaiအပြောကြောင့် jayအမှန်တကယ်ပင်အားနားရလေသည်။

ဘာတွေများပြောပြီး သဘောကျစရာတွေများပါလို့ ဒီလောက်တောင်ရယ်မောနေရတာလဲ။ မင်းသွေးခန့်တစ်ယောက် Kaiဆိုတဲ့ တေးရေးဆရာကိုနည်းနည်းတော့အမြင်ကပ်လာလေသည်။ jayကလဲ အခြားလူတွေနဲ့ဆို အမြဲရယ်မောနေတက်ပြီး။ သူနဲ့ကျလျှင်အမြဲရန်ပြန်တွေ့တက်လေသည်။

"ဆရာjayတစ်ခုလောက်ပြောချင်လို့။"

"Jayကိုယ့်ကို ဆရာ ဆရာနဲ့မခေါ်ပါနဲ့လား ကြားရတာတမျိုးကြီးဖြစ်နေသလိုပဲ။"

"ဒါဆိုjayဘယ်လိုခေါ်ရင်အဆင်ပြေမလဲ။"

"ကိုယ့်Kaiလို့ပဲခေါ်ပါ့လား ဒီ့ထက်လဲပိုရင်းနီးသွားတာပေါ့။"

Jayဒီလိုခေါ်ဖို့အတွက်ကျ အဆင်ပြေမယ်မထင်ဘူး။ အခြားလူအမြင်မှာjayက ရိုင်းတယ်ထင်မှာဆိုးတယ်။

ဒါဆိုjayလဲခေါ်ရတာအဆင်ပြေအောင် ကိုKaiလို့ခေါ်လေ။ jayအတွက် အကိုသီချင်းတွေအများကြီးရေးပေးထားတဲ့အထဲကနေ jayအကြိုက်ဆုံးသီချင်းကိုရွေးလေ။

Jayအခွေထဲမှာလေ jayကိုယ်တိုင်ရေးတဲ့သီချင်းနှစ်ပုဒ်လောက်ထည့်ချင်လို့ ကိုKaiဘက်ကအဆင်ပြေနိုင်မလား။

Jayကသီချင်းတွေလဲ ရေးနေတာလား။ ကိုယ့်ဘက်ကအဆင်ပြေပါတယ်။ jayကို ကိုယ်မချီးကျူးပဲမနေနိုင်တော့ဘူး။

ကိုKaiထင်သလောက်လဲမဟုတ်ပါဘူး။ jayက ကြိုးစားနေဆဲသူတစ်ယောက်ပါ။

Jayကို ကိုယ်သဘောကျတဲ့အချက်တွေထဲမှာ အမြဲပွင့်ပွင့်လင်းလင်းပြောဆိုတက်တာလဲပါတယ်။

"ဗျာ"

Kaiစကားကြောင့် jayနည်းနည်းတော့အနေရခက်သွားလေသည်။ အာ
ကျေးဇူးတင်ပါတယ်။

မင်းသွေးခန့်တစ်ယောက် အဝေးကနေကြည့်ကာ သဘောတကျရယ်နေသော Kaiနဲ့jayကိုကြည့်ကာ စိတ်ထဲမရိုးမရွဖြစ်နေလေသည်။ ဘာတွေများသဘောကျအောင် ဟိုကလုပ်ပြနေလို့ ဒီလောက်တောင်ရယ်မောနေရတာလဲ။ ဟိုတစ်ယောက်ကလဲ jayကိုကြည့်နေတဲ့အကြည့်တွေကလဲ အစာကိုချောင်းနေတဲ့ကျားတစ်ကောင်၏ သွင်ပြင်နှင့်တူနေလေသည်။ jayကလဲ ဘာမှမသိရှာသော ယုန်သူငယ်သဖွယ်
အပြစ်ကင်းစွာနဲ့ ရယ်မောနေလေရဲ့။
မင်းသွေးခန့် သူတို့နှစ်ယောက် ဘာတွေပြောပြီးဒီလောက်တောင် ပျော်ရွှင်စွာ ရယ်မောနေရသလဲဆိုတာသိချင်လာကာ jayတို့နား မယောင်မလည်နှင့် လမ်းလျှောက်နေလေသည်။

ကံကြမ္မာက ဖန်တီးပေးတဲ့ အချစ်Where stories live. Discover now