Ch-18

17.1K 1.4K 57
                                    

Unicode

အဲ့ညကအတူတူနေပြီးတော့ Yibo ကတစ်ပတ်လောက်ပျောက်သွားတယ်။

Xiao Zhan ထင်လိုက်တာက Xiao Yung နဲ့အတူပြန်ပါသွားပြီလို့ထင်နေတာ။

စိတ်ထဲလည်းပေါ့ထွက်သွားတယ်။

"ဦး...ဘာတွေတွေးနေတာလဲ"

Rey အသံကိုကြားမှသတိဝင်သည်။
ဆေးရုံကဆင်းလာတဲ့ Rey ကိုခနလာကြည့်တာဖြစ်သည်။

"ဘာမှမတွေးပါဖူး...နားတော့..ဦးပြန်တော့မယ်"

"ဟုတ်"

Rey ကလိမ်လိမ်မာမာပဲခေါင်းငြိမ့်ပြလေသည်။

Rey ပုံစံကိုမြင်တော့ Yibo ငယ်ငယ်ကပုံစံကိုတောင်သွားသတိရမိသည်။

ငယ်ငယ်က Yibo လေးကတော့ချစ်ဖို့ကောင်းပါတယ်။

အခုကတော့....အင်းးးး...သောက်ခွက်ကြီးပဲပိတ်ရိုက်ပစ်ချင်တယ်။

ဦးပြန်သွားတော့ ဦးကိုတိုက်အောက်ထိလိုက်ပို့ရင်း အထဲပြန်မဝင်တော့ပဲ လေကောင်းလေသန့်ရှုဖို့ လမ်းလျှောက်ထွက်လိုက်တယ်။

"အာ့...သေပါပြီ! "

"ကလေး..ရရဲ့လား.."

မော့ကြည့်လိုက်တော့ ဦးလေးကြီးတစ်ယောက်!

"ရပါတယ်...အဖိုး..ဘာမှမဖြစ်ပါဖူး.."

Ming Gu နင်သွားသည်။
ကလေးအရွယ်ကောင်လေးတစ်ယောက်
ချော်လဲသွားလို့ အဆင်ပြေလားမေးကြည့်တာကို ပြန်ဖြေတာက ရပါတယ် အဖိုးတဲ့လား။

ကောင်လေးကိုကြည့်ရတာလည်း ၁၈ ၁၉ လောက်လေးပါ။ ကိုယ့်အသက်ကလည်းအခုမှ ၅၀ကိုမဆိုသလောက်လေးကျော်သေးတာကို အဖိုးတဲ့လား။

Ming Gu အတွေးများနေတုန်း Rey ကတော့ထွက်သွားလေပြီ။

အိုပေမဲ့စွမ်းပါသေးတယ်ကွာ။
ရုပ်ကလည်းအရမ်းကြီးမကျသေးပါဖူး။
နုလွန်းလို့ ၄၀လောက်ပဲထင်ကြတာ။
မင်းနဲ့တွေ့မှ အဖိုးဖြစ်ရတယ်လို့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"မင်းဘာလုပ်နေတာလဲ! "

အိမ်ကိုပြန်ရောက်ရောက်ချင်းပဲ အပေါက်ဝမှာထိုင်နေတဲ့ Yibo နဲ့တိုးတယ်။ သူက U.S ကိုပြန်မလိုက်သွားဖူးလား!

⚠ Call Me Baby ⚠Where stories live. Discover now