🤴My King🤴Part7

6.6K 498 29
                                    

"​ကောင်​လေး"

"အမိန့်ရှိပါအရှင်"

"အမိန့်ရှိပါဆိုကိုယ့်ကိုကြည့်​လေ"

"မကြည့်ဝံ့ပါဘူးအရှင်"

"​​ကောင်းပြီ​လေမကြည့်ရင်မမိန့်ဘူး"

"ကြည့်ပါ့မယ်..."အရှင့်ကိုကြည့်ရမှာ​သေမ​လောက်​ကြောက်ပါသည်...အရှင်နဲ့များမျက်လုံးချင်းဆုံမိရင်အရှင်ရဲ့​​"​ကောင်လေး​နောက်တစ်​ခေါက်"ဆို​သောစကားကို
သိပ်​ကြောက်ပါသည်......

"အင်း...လိမ္မာတယ်...ဒီ​နေ့ည​နေမြို့ထဲသွားမယ်"ထိုအခါအ​ရောင်တဖျက်ဖျက်လက်လာ​သောမျက်လုံး​လေးကဝိုင်းစက်လျက်နှုတ်ခမ်း​လေးကလည်းသ​ဘောကျသည့်နှယ်ပြုံးရယ်၍"တကယ်ပဲလားအရှင်"

"ငါကလိမ်မယ်လို့ထင်​​နေတာလား....အတင့်ရဲလိုက်တာ"

"အရှင်...ကျွန်​တော်မျိုး"

"တိတ်စမ်း...အတင့်ရဲလိုက်တာ...သွား​ရေတူတူချိုးဖို့ပြင်ထား"

"ဗျာ..."

"ဘာလဲဒီ့ထက်ဆိုးတဲ့အပြစ်လိုချင်လို့လား"

"ဟင့်အင်း..သွားပြီ...ကျွန်​တော်မျိုး​ရေချိုးဖို့​စောင့်​နေမယ်အရှင်"

"အင်း..."ထို့​​နောက်ကျင်းရီ(အရှင်)မိမိ​ရှေ့က​ကောင်​လေးကိုကြည့်ကာရယ်မိသည်.....ချစ်ဖို့​ကောင်းလွန်းတယ်....ကိုယ်​တော်ကိုအချစ်စစ်နဲ့ချစ်​ပေးပါ....မင်းချစ်​ပေးမှမင်းလည်းရှင်သန်မယ်ကိုယ်​တော်လည်းကျိန်စာပြယ်မှာပါက​လေး​ရေ.....

ယွိ​လေးထင်လိုက်သည်က​ရေချိုးတဲ့အပြစ်ဆိုတာတူတူ​နေရတာထက်စာရင်​​တော်ပါ​သေးတယ်ဟုထင်မိခဲ့သည်...သို့​သော်....အရှင်က​တော့သူ့အပြစ်တဲ့...သူလည်းဘာမှမလုပ်မိပါဘူး...​ရေချ်ုးမယ်ဆိုလို့အရှင်လာရင်အဆင်သင့်ဖြစ်​အောင်ဝတ်ရုံ​လေးကိုခါးထိ​လျှောချကာကန်ထဲတွင်ထိုင်​နေရုံပါ....သူဘာအပြစ်မှမလုပ်မိခဲ့ပါ....ဒါကိုအရှင်က​ရေချိုးချိန်ပျှမ်းမျှ၄နာရီ​လောက်ကြာ​အောင်ချ်ုးခဲ့သည့်အပြင်ဒီလိုဖြစ်ရတာကျွန်​တော့်​ကြောင့်တဲ့​လေ....နန်းဝမှ​ခေါင်း​လောင်းထိုးမှသာ"ချမ်း​နေပြီလား"တဲ့​လေ....တကယ်ပါကျွန်​တော့်အရှင်ဟာဘာ​တွေစားလို့ဒီ​လောက်တက်ကြွ​နေရလဲမသိပါ​လေ....​နေ့တိုင်းအချိန်တိုင်းဆိုရင်​တောင်သူမ​မောနိုင်....အရှင့်ရဲ့အပြစ်ကိုသူသိပ်​ကြောက်ပါသည်....အရှင့်ရဲ့မပြီးဆုံးနိုင်တဲ့အပြစ်​တွေကတစ်ချီပြီးတစ်ချီမို့........

🤴My King🤴(Completed)حيث تعيش القصص. اكتشف الآن