.. ၁၇၄ ..
8.4K 938 13
《Zawgyi》
အပိုင်း - ၁၇၄
[ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ-၂]
သူတို့နှစ်ယောက် လက်ထပ်မှတ်ပုံတင်ပြီးသွားတဲ့ အထိန်းအမှတ်အနေနဲ့ နှစ်ဖက်မိသားစုက ညစာစားပွဲလေး လုပ်ကြသည်။ သူတို့က စားနေရင်းနှင့် စကားပြောနေကြသည်မှာ ခေါင်းစဉ်က တဖြေးဖြေး ဝေးလာ၏။ အကြီးတွေက သူတို့ရဲ့ကလေးအမည်ပင် စဉ်းစားနေကြပြီး ကလေးက ဘယ်လိုပုံလေးဆိုတာကိုပင် ပုံဖော်နေကြသေးသည်။ ချင်းစုယွဲ့ကတော့ ကူရာမဲ့စွာ ခံစားနေရသည်။ အခုအချိန်မှာ ကလေးရဖို့အကြောင်း ပြောတာက နည်းနည်း စောမနေသေးဘူးလားဟင်?
ချင်းစုယွဲ့က မင်္ဂလာမဆောင်ခင် အလုပ်တွေအားလုံးပြီးသွားအောင် တတ်နိုင်သမျှလုပ်သည်။ အဘယ့်ကြောင့်ဆိုသော် မင်္ဂလာဆောင်ပြီးလျှင် သူမက ဟန်းနီးမွန်းအတွက် တစ်လခွင့်ယူမည် ဖြစ်သောကြောင့်ပင်။
တစ်ကယ်တော့ ချန်းစီနျန်က ဒီဟန်းနီးမွန်းကိစ္စပြောတုန်းက ချင်းစုယွဲ့ဟာ သူမတို့နှစ်ယောက်ရဲ့ အလုပ်တွေကြောင့် သိပ်စိတ်မပါခဲ့ချေ။
"ရှင့်ရဲ့ကုမ္ပဏီနှစ်ခုလုံးက တစ်လလောက် ပျက်ကွက်လို့ တကယ်အဆင်ပြေရဲ့လား?"
သူနှင့်မော်ရွှီယွမ်တို့ရဲ့ ကြိုးစားထားမှုကြောင့် ကုမ္ပဏီအသစ်က စီးပွားရေးလောကမှာ တော်တော်ကြီး အံ့အားသင့်ဖွယ် ကြီးထွားနေပြီ ဖြစ်လေသည်။
ဒါပေမယ့် ချန်းစီနျန်ကတော့ နည်းနည်းလေးတောင် အနှောင့်အယှက်မဖြစ်ချေ။
"ကိုယ့်လက်အောက်မှာ ဝန်ထမ်းတွေအများကြီးရှိတယ် .... အကယ်၍ ကိုယ် ကုမ္ပဏီမှာ တစ်လလောက်မရှိတာနဲ့ ကုမ္ပဏီက ပုံမှန်အတိုင်း မလည်ပတ်နိုင်ဘူးဆိုရင် ဒါဟာ ကိုယ်က ဝန်ထမ်းတွေကို ကောင်းကောင်း မရွေးချယ်ခဲ့ဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ"
ချင်းစုယွဲ့မှာ ပြောစရာစကားတောင် မရှိတော့ပေ။ ဒီလိုကြီး ဝံ့ကြွားတတ်တဲ့လူ ရှိလားဟင်?
ချန်းစီနျန်က သူမ ပြောချင်တဲ့ အဓိပ္ပါယ်ကို ချက်ချင်းနားလည်သည်။
"ကိုယ် မင်းရဲ့အလုပ်က အထက်လူကြီးတွေနဲ့ ပြောပြီးသွားပြီ ဘယ်အလုပ်ကိစ္စမဆို ကိုယ်တို့ပြန်လာမှ ပြန်လုပ်လို့ရတယ်"