Chapter-10. (Unicode)

568 24 0
                                    

"နဒီပြောပါအုံး ငါ့ကိုတွေ့ချင်တဲ့အကြောင်းက ဘာများလဲ။"

"အေး ပြောချင်လွန်းလို့နင့်ကိုငါခေါ်လိုက်ရတာ။ ဒါနဲ့အခုjayက Kaiနဲ့အတူရှိနေတာလား။"

ငါအစည်းဝေးရှိတယ်ဆိုပြီး သူအဒေါ်အိမ်မှာထားခဲ့လိုက်တယ်။ ညနေအပြန်မှဝင်ခေါ်မယ်လို့။ ဒီနေ့သူက သီချင်းသွင်းစရာမရှိဘူးလေ။

Kaiကလေgayတစ်ယောက်တဲ့။ အရင်ကသူ့မှာကောင်လေးရှိတယ် အခုတော့ပျက်သွားပြီတဲ့။ Kaiဟာယောကျ်ားလေးရည်းစားအများကြီးကို ထည်လဲတွဲခဲ့တဲ့သူတစ်ယောက်ဆိုတာကို ငါစုံစမ်းလို့ရခဲ့တယ်။ အရင်ကငါကသူgayဆိုတာကို သိထားပေမယ့်လို့ ရည်းစားတွေအများကြီးထားခဲ့တာတော့ မသိခဲ့ဘူး။

"နင်ပြောချင်တာက ဘာလဲနဒီငါကိုရှင်းအောင်ပြောပါ။"

"အေး အဲ့ဒီမှာနင်တုံးအနေလိုက် Kaiကjayကိုကြိုက်နေပြီထင်တယ်။"

မဖြစ်နိုင်ပါဘူး jayနဲ့သူကသာမာန်အသိတွေလောက်ပဲဖစ်မှာပါ။ jayကိုငါမေးခဲ့တုန်းကလဲ jayကမဟုတ်ဘူးဆိုတဲ့အကြောင်းကို ရှင်းပြထားတယ်။ ဒီအတွက်ကြောင့်နဲ့တော့ သူများတစ်ဖက်သားကို ပြောလို့မရဘူးနဒီ။

နင်ထင်သလောက်Kaiက jayအပေါ်မရိုးသားခဲ့ဘူးဆိုရင် နင်ဘာလုပ်မလဲအသွေး။ အချို့နင်မပါတဲ့ရက်တွေမှာ သူနဲ့jayနှစ်ယောက်ထဲ သွားလာနေတာကိုငါတွေ့ခဲ့တာ။

နင်ပြောတာတကယ်ပဲလားနဒီ ငါလဲမညာတမ်းဝန်ခံရမယ်ဆိုရင် jayကိုချစ်နေမိပြီထင်တယ်။ ဒါပေမယ့်ငါချစ်နေတဲ့အကြောင်းကိုတော့ jayမသိသေးဘူး။ ငါဘယ်လိုလုပ်ရမလဲ။ ဒါပေမယ့်ငါသူ့ကိုဖွင့်မပြောရဲဘူးနဒီ။ သူဘက်ကငြင်းလိုက်ရင် ငါတို့ရဲ့အခုတည်ရှိနေတဲ့အရာလေးပျက်ဆီးသွားမှာကို ငါမလိုလားဘူး။ အချို့အရာတွေက အဝေးကနေအမြတ်တနိုးငေးကြည့်နေတာမျိုးထဲမှာ အချစ်ဆိုတဲ့အရာလဲပါတယ်။ jayကတစ်ချိန်ကျရင်မိန်းမယူမယ့်သူ ငါသူ့ကိုအဝေးကနေငေးကြည့်နေရင်း ချစ်နေရရင်ကျေနပ်ပါတယ်ဟာ။

ဟိုကမိန်းမ မယူဘဲယောကျ်ားယူသွားမှ ဟုတ်ပေ့ဖြစ်နေမယ်အသွေး။ တကယ်ဆိုနင့်မှာ အခွင့်အရေးအများကြီးရခဲ့တယ်။ jayဟာ ငါ့မောင်လေးအရင်းမဟုတ်ပေမယ့် ငါ့မောင်လေးတစ်ယောက်လိုချစ်ခင်နေတာ။ သူကျေးဇူးအတွက်ကြောင့်မဟုတ်ဘူးနော်။ နင်နဲ့သာဆို ငါjayကိုစိတ်ချတယ်။

ကံကြမ္မာက ဖန်တီးပေးတဲ့ အချစ်Where stories live. Discover now