1

64 4 0
                                    

ကျနော်နဲ့အလွဲများ

"ဟဲ့ ဝက်မ ထတော့ အပျင်းထူမနေနဲ့ နာရီလဲကြည့်အုံး"

မနက်စောစောစီးစီ အိပ်နေတာကိုfeelပျက်သွားတယ်

ဘယ်ကငှက်ဆိုးထိုးသံလဲမျက်လုံးဖွင့်ကြည့်မိတော့

ကုတင်ပေါ်တက်ပြီ အသံပြဲနဲ့အော်နေတဲ့ မိရွှေသဲ

မသိချင်ယောင်ဆောင်ပြီး အတငိးမျက်လုံးမှိတ်အိပ်နေတော့

အိပ်နေရင်းနဲ့ ခေါင်းအောက်မှခေါင်းအုံးဆွဲယူခံရပြီး ခေါင်းကမွေ့ရာပေါ်ကျသွားတယ်

"ဟဲ့ ထတော့လို့ မထသေးဘူးလား ဒီနေ့ shopping ထွက်မယ်လို့ပြောထားတယ်လေ"

"ငါအဲဒါတွေသိလို့စောစောလာတာ ဒင်းကအိပ်ရာမနိုးသေးဘူး"

"နင်ကလဲဟာ ငါ အိပ်နေတုံးကို  😴😴😴😴😴"

"ဟဲ့ အဲဒါကြောင့်နင်ဝက်ဖြစ်နေတာ ထဟာ"

သဲသဲက စောင်ကိုဆွဲခါရင်းပြောလိုက်တယ်

"ဟဲ့ ထဟာ ထတော့ " လူကိုလိုက်ရိုက်ရင်းနှိုးလိုက်တယ်

"Inn ထပြီ ထပြီ"

ပါးစပ်ကသာအော်နေတာ မျက်လုံးကတစ်ချက်မှမဖွင့်

သဲသဲ က အိပ်နေတဲ့ဝက်ကိုယ်လုံးကို သူရဲ့ဧရာမငါးဖောင်ရိုးခန္ဓာကိုယ်နဲ့ဆွဲထူလိုက်တယ်

ဟိုကတုတ်တုတ်မှမလှုပ်

အဲဒါနဲ့

နာရီကိုနှိုးစက်ပေးပြီး စောင်ပုံထဲပစ်ထည့်လိုက်တော့

စောင်ပုံထဲကလက်ထွက်လာပြီး ဝှီ ခနဲ့ နာရီကိုလွှတ်ပစ်လိုက်တယ်

"တီ တီ တီ တီ တီ
ခွမ်း"
(နာရီတော့ ဘဝတစ်ပါးပြောင်းသွားရှာပြီ 😔😔)

"ဟဲ့ နင်အခုချိန်မှမထရင် ငါညကyoutubeမှာ ဒေါင်းထားတဲ့ chanyeol သီချင်းတွေ မပေးဘူးနော်"
(Chanyeolနဲ့မျှားခြင်း 😏)

"ဟင် 😳😱 တကယ်လား 😁ထပြီ  ထပြီ 😁😁"ပြောရင်း

အိပ်မှုန်စုတ်ဖွားနဲ့ထလာတဲ့သူက ဖြိုးမြတ်

ထို့နောက်

တဝါးဝါးသန်းရင်း ရေချိုးခန်းထဲဝင်သွားတော့တယ်

ကျနော်နဲ့အလွဲများWhere stories live. Discover now