2

25 3 0
                                    

ကျနော်နဲ့အလွဲများ ၂

ကျနော်တို့ သူငယ်ချင်း၆ယောက်က သူငယ်တန်းထဲကခင်မင်လာကြတာ

တစ်တန်းထဲတစ်ကျောင်းထဲ အတူတူတက်တာမို့ သွားအတူစားအတူလာအတူ ထိုကဲ့သို့တပူးပူးတတွဲတွဲနဲ့

အဖွဲ့ထဲမှာယောကျ်ားလေးတစ်ယောက်ထဲပါတဲ့အပြင် ကျနော်ကသူတို့အားလုံးကလပိုင်းကြီးတာမို့ ကျနော်က အကိုကြီး အဖရာ အဲ့လယ့် 😁😁

ကျောင်းတက်တာအတူတူအပြင်

နေတဲ့အိမ်တွေကလဲ တျောက်နဲ့တျောက်နီးလွန်းလှတယ်

ကျနော်တို့အားလုံးရဲ့ အပန်းဖြေအိမ်ယာကတော့ ဒုတိယအယ်ဇေးရှင်းမ ဒေါ်သီရိအိမ်ပါပဲ



ကဲ

သူငယ်တန်းထဲကနေ အလယ်တန်းထိ မကွဲဘဲ အတူတူရှိကြတဲ့ကျနော်တို့အုပ်စုက

၈တန်းနှစ်မှာပဲ အခန်းကွဲသွားကြတယ်

ကျနော် ရွှန်းရွှန်း နဲ့ မသီ က ၈တန်းAခန်းရပေမဲ့

သဲသဲ သီရိနဲ့ငယောင်းက Bခန်းသာ ရသည်။

အခန်းကွဲသွားလဲ ဘေးချင်းကပ်အခန်းမို့ စာသင်ချိန်ကလွဲရင် ကျောင်းမုန့်စားဆင်းချိန် ထမင်းစားချိန် ဆော့ချိန် ကတော့ ထုံးစံအတိုင်း အတူတူ

ဆယ်ကျော်သက်အရွယ် မြီးကောင်ပေါက်လေးတွေဖြစ်တာကြောင့်

စာသင်ခန်းထဲမှာ စာသင်ရတဲ့အာရုံ အပြင် ချစ်ချင်ကြိုက်ချင် စိတ်တွေပေါ်လာတာ မထူးဆန်း

အဖြူရောင်စိတ်လေးတွေက အရောင်ဆိုးချင်ကြတဲ့အရွယ်ပေကိုး 😁😁

ထုံးစံ အတိုင်း ကျနော် အုပ်စုရဲ့ရွပိုးထိုးနေတဲ့ စိတ်တွေက ကျနော်တို့ ကျောင်းကို အခုမှပြောင်းလာတဲ့ ကျောင်းသားသစ်ထံ ရောက်သွားတယ်

ကျနော် အုပ်စုက စာလုပ်တဲ့နေရာမှာ အညံဆုံးလဲမဟုတ် အလယ်အလတ်ထက်သာလွန်တာကြောင့် ကျနော်တို့အုပ်စုရဲ့ဗရုသုတ်ခတွေကို တော်ရုံကိစ္စဆို ဆရာမတွေက အာရုံမစိုက်ပေ။

ကျောင်းရုံးခန်းလဲ ခဏခဏသွားရလွန်းလို့ ဆရာမကြီးနဲ့လဲရင်းနှီးနေလေပြီ။

ကျနော်နဲ့အလွဲများWhere stories live. Discover now