💖 Part 28 Unicode 💖

219 26 0
                                    

Baekhyun ကျောင်းပြန်တက်တော့
အားလုံးက အဆင်ပြေနေ သည်။
စာတွေကလဲ chanyeol နဲ့ သူငယ်ချင်း
တွေပြန်ရှင်းပြ ထားသည်မို့ တော်တော်လေး
အဆင်ပြေကာ စာတွေလဲလိုက်နိူင် သည်။

ခြေထောက်ကလဲတော်တော်လေး
သက်သာနေပီဖြစ်သည်
အားလုံးရဲ့အချစ်တော်လေးဖြစ်တဲ့
baekhyun ဟာ ကျောင်းစ
တက်တဲ့နေ့တည်းက ကျောင်းကလူတွေက
သတင်းမေး လိုက် ဆရာတွေ ဆရာမတွေက သတင်းမေးလိုက်နဲ့ ဖြေနေရတာ အခုထိပင်။

အခုလဲ ကန်တင်းမှာ baekhyunဟာ
chanyeolနဲ့ သူငယ်ချင်းတွေနဲ့
ထမင်းစားနေတဲ့အချိန် သတင်းလာမေးသူတွေ
ကို ပြန်ဖြေနေရသည်က ထမင်းတောင်
အကောင်းမစားရပေ

"hyunee! ဒီနေ့ ထမင်းစားရတော့မှ မဟုတ်တော့ဘူး နောက် လာမေးရင် မဖြေနဲ့တော့ကွာ"

"yeol ကလဲ လာမေးမှတော့ မဖြေလို့ ဘယ်ဖြစ်မလဲ "

"hyunee မှ ထမင်းမစားရတော့တာ !"

"စားရင်းနဲ့ ပြောတယ်လေ "

" မရဘူးကွာ"

"ဟေ့ကောင်! chanyeol မင်းနည်းနည်းများသွားပီ ကာယကံ ရှင်ကတောင် ဘာမှမဖြစ်ဘူး မင်းကဘာဖြစ်နေတာလဲ ဟမ်! ပိုကိုပိုတယ်"

"ဟုတ်ပါ့ jongin မပြောနဲ့ ငါတောင် မျက်စိနှောက်တယ် chanyeol "

"ပြောလိုက် ချစ်လေး"

jongin က kyungsoo ကိုဖက်ကာ ဘက်လိုက်ပီးပြောနေ တော့ sehun
နဲ့ chanyeol မျက်နှာက ရှုံ့မဲ့နေသည်

"han ရေ ကိုယ်တော့ စားရတာတောင် မြိုမကျတော့ဘူး"

" ရေသောက်မလား hun"

" ကိုယ်တို့ အခန်းထဲ ပဲပြန်ကြရအောင် ဒီသဲသဲကဲကဲ ၂ကောင်ကို မြင်ရတာ စိတ်ညစ်တယ်"

"ဟာ ဟေ့ကောင် ဟေ့ကောင် သဲကဲနေပီးနာမည်ကြီးတာ မင်းတို့ကွ ငါတို့မဟုတ်ဘူး sehun "

chanyeol ပြောသည်ကို ဒီတစ်ခါ
kyungsoo ကောင်းကောင်းကြီး
ထောက်ခံလေသည်။sehun က စူပုတ်ပီး
ဘာမှ မပြောတော့ပဲ luhan လက်ကိုဆွဲကာသွားဖို့ပြောသည်

"လာ han ဒီနားမှာ မနေနဲ့ ယင်ကောင်များတယ် "

"bor!!!! "

sehun ပြောပီးတာနဲ့အမြန်ထွက်သွားတော့ ဒေါသထွက်ပီးကျန် ခဲ့ရသူတွေက jongin နဲ့ chanyeol ရယ်ပါ။ တဝါးဝါး ပွဲကျနေ
သူတွေက kyungsoo နဲ့
baekhyun ပင်။

💖  I need Just your Love  💕Where stories live. Discover now