part_30

744 110 17
                                    

" ရွံတယ်"

ဒီကိုကိုဟာ ဘယ်အချိန်တုန်းကများဒီလောက်ထိအသဲခွဲ တာတော်သွားပါလိမ့်...

ဒီကိုကိုရဲ့ပန်းနုရောင်နှုတ်ခမ်းပါးဆီ အတင်းအကြပ်အနမ်းခြွေလေတိုင်း...
အချိန်တိုင်း...
ကျွန်တော်ကသာသာယာရင်ခုန်နေခဲ့ရပေမဲ့ဒီကိုကိုကတော့ဘယ်လောက်များရွံနေခဲ့ပါလိမ့်...
ဘယ်လောက်များစက်ဆုပ်နေခဲ့ပါသလဲ?

ချစ်တယ်တဖွဖွဆိုတိုင်းလဲ သတ်ပစ်ချင်လောက်အောင်ရွံရှာနေပါလိမ့်မယ်...

Chanyeolရဲ့အချစ်ဆိုတဲ့အရာကြီးက ဒီလူအတွက်တော့ရွံရှာစရာတခုအဖြစ်သာမြင်ကောင်းမြင်နေပါလိမ့်မယ်...

လူပုံအလယ်မှာအငြင်းခံရတဲ့ခံစားချက်တွေထက်ပိုဆိုးပါတယ်...
ရင်ထဲမှာတဆစ်ဆစ်နဲ့...
ကိုကို့ကိုကားတင်ပြေးမယ်ဆိုတဲ့ ခုမတိုင်ခင်ကရူးနှမ်းနှမ်းအတွေးတွေက ခုတော့ ပီပြင်ဝိုးတဝါးပျောက်ကွယ်သွားတယ်...

လူကိုသာမက နှလုံးသားကိုပါအပိုင်ရချင်သူမို့ အတင်းအကြပ်လဲမသိမ်းပိုက်ရက်ပြန်။ တချိန်လုံးလောင်နေခဲ့ရတာကိုကိုမှမသိပါဘဲ...
ခုတော့ရွံတယ်ဆိုတဲ့စကားတခုနဲ့ပိုင်ဆိုင်ဖို့ကြိုးစားချင်စိတ်တွေကအဆုံးသတ်ပါတယ်...

တချိန်လုံးကိုကို့မျက်နှာကိုပဲ ကြည့်နေမယ့်ကျွန်တော်က ကိုကိုသာ ကြည်ဖြူမယ်ဆို အောင်မြင်မှု...
မိသားစု
ပိုင်ဆိုင်မှု...
အားလုံးကိုလွှတ်ချရဲတဲ့အထိ ရင်းရဲတယ်...

ရွံတယ်တဲ့...
နားထဲအဆက်မပြတ်ကြားနေရတဲ့ထိုစကားလုံးလေးက တမြေ့မြေ့နဲ့...

ဒီကိုကို့တယောက်ကိုပဲပိုင်ဆိုင်ချင်တဲ့စိတ်နဲ့ရူးနေရတဲ့ကောင်မို့...
ပိုပြီးနာကျင်ရပါတယ်။

****************
"ကျွန်မတို့ကြားမှာပြောစရာစကားမရှိတော့ဘူးလားsehun ssi"

မိန်းကလေးတွေကတကယ့်ပြသာနာကိုမီးထွန်းရှာတယ်လို့ပြောတယ်ဆိုရင်လဲလွန်ရာကြမယ်မထင်။

လွန်ခဲ့တဲ့ညရဲ့ကိစ္စတွေအပြီးကြားထဲအဆက်အသွယ်မရှိ ပြီးပြတ်သွားကြပီထင်ခဲ့ပေမဲ့၂ရက်လွန်တဲ့အခါမာတော့သူမက ဆိုင်ကိုရောက်ချလာပါတယ်။

You've reached the end of published parts.

⏰ Last updated: Aug 24, 2020 ⏰

Add this story to your Library to get notified about new parts!

"Dear Chanyeollie"Where stories live. Discover now