ဇာတ်သိမ်းပိုင်း

921 25 9
                                    


မေမေတို့ဘက်ကသဘောမတူဘူးသား။ နယ်ကဆွေမျိုးတွေသိရင် မေမေတို့မျက်နာဘယ်လိုပြရမလဲ။ လူနာအခန်းတံခါးကိုတွန်းဖွင့်ကာ ဝင်လာရင်း ဒေါ်မဟာလှိုင်ပြောလိုက်လေသည်။

"ဟင် မေမေ"

"ဟုတ်တယ်သား မေမေတို့ပဲ။ "

"သားရှင်းပြပါရစေမေမေ။ "

ဘာမှရှင်းပြနေစရာမလိုဘူးသား။ သားရှင်းပြနေလဲ မောယုံပဲရှိနေမှာမို့။ သားဆေးရုံကဆင်းတာနဲ့ မေမေတို့နဲ့ နယ်ကိုပြန်လိုက်ခဲ့ရမယ်။

ကျွန်တော်ကို ပြောခွင့်ပြုပါလားအန်တီ။ jayနဲ့ကျွန်တော်ကို လက်ထပ်ခွင့်ပြုပေးပါ။ ကျွန်တော်တို့ချစ်ခြင်းကို မခွဲပါနဲ့လို့တောင်းဆိုပါရစေ။

အိုကွယ် အဒေါ်တို့သားဟာ မိန်းကလေးတစ်ယောက်နဲ့ဆိုရင်တောင် အန်တီတို့ကမကန့်ကွက်ဘူး။ အခုဟာက ယောကျ်ားလေးတစ်ယောက်ဖြစ်နေတဲ့အတွက် မင်းလဲအန်တီတို့ဘက်ကိုပြန်ငဲ့ကြည့်ပေးပါတစ်ချက်လောက်။ အန်တီတို့ဆွေမျိုးအသိုင်းအဝိုင်းထဲမှာ ဘယ်လိုမျက်နာမျိုးနဲ့နေရမလဲ။

"ကျွန်တော်jayကိုတစ်သက်လုံး သစ္စာရှိရှိနဲ့ချစ်နေမှာမို့ ခွင့်ပြုပေးပါနော်။"

"ဟုတ်ပါတယ်မေမေရယ်။ သားတို့ကိုခွင့်ပြုပေးပါ။"

မေမေ့ဘက်က သဘောမတူတာဖြစ်တဲ့အတွက် သားဆေးရုံဆင်းတာနဲ့ပြန်ရလိမ့်မယ်။ ဒါမေမေ့အမိန်ပဲ။ သားဘက်ကဘယ်လိုထင်ထင် မေမေကရုမစိုက်ဘူး။

"ကျွန်တော်ကိုအခွင့်အရေးလေးတစ်ခုလောက်တော့ပေးပါအန်တီ။"

"ဘယ်လိုမျိုးလဲ။ မင်းဘက်ကပြောကြည့်လေ အန်တီစဥ်းစားကြည့်မယ်။"

"Jayကိုဒဏ်ရာအရှင်းပျောက်တဲ့အထိ ကျွန်တော်ကိုစောင့်ရှောက်ခွင့်ပေးပါ။"

မောင်ရင်ဆန္ဒကိုလိုက်လျောရင်ကော အန်တီတို့ဘက်ကလိုချင်တာကော မောင်ရင်ပြန်ပေးနိုင်မလား။ ကတိတစ်ခုဆိုရင်လဲမမှားဘူးပေါ့။ မင်းဘက်ကအဆင်ပြေမှပါ။

"ကျွန်တော်ကတိပေးပါတယ်။ ဒေါ်လေးပြောပါ။"

Jayကိုဒဏ်ရာပျောက်တဲ့အထိ အန်တီတို့ဘက်ကခွင့်ပြုပေးမယ်။ အဲ့ဒီနောက်ပိုင်းမင်း jayနဲ့အဆက်အသွယ်မလုပ်ရတော့ဘူး။ jayဟာ အန်တီတို့သဘောတူတဲ့မိန်းကလေးနဲ့ အိမ်ထောင်ချပေးတော့မှာမို့။ မောင်ရင်ဘက်ကနေ ထပ်မဆက်သွယ်တော့ဖို့လဲပြောထားပါရစေ။

ကံကြမ္မာက ဖန်တီးပေးတဲ့ အချစ်Where stories live. Discover now