.. ၁၇၅ ..
8.9K 981 12
《Zawgyi》
အပိုင်း - ၁၇၅
[ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ-၃]
ဆန့်ကျင်ဘက်အနေနှင့် ကူထုံးကတော့ မူးလာတာနှင့် အသည်းအသန်ငိုလေ၏။ ဟုတ်တာပေါ့ သူမ ငိုတာတွေက ရှချောင်းနှင့် ပက်သတ်သည့် အကြောင်းအရာတွေပင် ဖြစ်လေသည်။
ချင်းစုယွဲ့ကတော့ မမူးပေမယ့် သူမ လမ်းလျှောက်တဲ့အခါမှာ ခြေလှမ်းတွေက တက်ကြွနေလျက်ရှိ၏။
သူမအင်္ကျီလက်ကိုဆွဲကာ ကူထုံးက တစ်ခုပြီးတစ်ခု မေးနေလေသည်။
"စုယွဲ့ ... ငါ့ကိုပြောစမ်းပါ ... ကမ္ဘာပေါ်မှာ ဘာလို့ ဒီလောက် အေးတိအေးစက်နိုင်တဲ့ ယောက်ျားမျိုး ရှိရတာလဲ? ... ငါ့ဘက်က ဒီလောက် သိသာနေတာကိုတောင် သူက မတုန်မလှုပ်နေနေတုန်း ... ရှချောင်း ရှင့်ကိုတော့ တကယ်အထင်ကြီးမိတယ်...."
ချင်းစုယွဲ့က ကူထုံးရဲ့မျက်ဝန်းတွေ နီရဲလာသည်ကိုတွေ့တော့ အလျင်အမြန် နှစ်သိမ့်ပေးလေသည်။
"ဟုတ်ပြီ.. ဟုတ်ပြီ ... မငိုနဲ့တော့ .. ဘယ်သူကသိနိုင်မှာလဲ? တစ်နေ့နေ့ကျရင် သူက နင့်ကို အပြတ်ခိုက်သွားနိုင်တာပဲလေ"
"သူ အဲ့လိုဆိုရင်တောင် ငါကတော့ သူ့ကိုထပ်မလိုချင်တော့ဘူး! .. သူ မရှိပဲလည်း ငါနေနိုင်တယ်! ကောင်လေးတစ်ယောက်ကို လိုက်ရတာ ဒီလောက် နာကျင်စရာကောင်းမယ်ဆိုရင် ငါ မလိုက်တော့ဘူး! ... စုယွဲ့ အဲဒါက တကယ်နာကျင်ရတယ်ဟ"
"နင့်အတွက် ဒီလောက်ထိ ဆိုးနေရင် သူ့ကို လွှတ်ပေးလိုက်ပါတော့ .. ကောင်းကင်အောက်က မြက်ခင်းပြင်ကြီးဆိုတာ အဆုံးမရှိပါဘူး......"
"အဟင့် ဟင့်..."
ချန်းစီနျန်က သူမကို လာကြိုတဲ့အခါမှာတော့ ထူးဆန်းတဲ့မြင်ကွင်းကို တွေ့လိုက်ရလေသည်။ ကျုံချင်းက မိုက်ကရိုဖုန်းကိုကိုင်ကာ ငိုလိုက်ရယ်လိုက် ဖြစ်နေချိန်မှာတော့ ကူထုံးက သူ့ဇနီးရဲ့လက်မောင်းကိုမှီကာ မျက်ရည်တွေနှင့် ဖြစ်နေပြီး သူ့ဇနီးက နှစ်သိမ့်ပေးနေလေသည်။
သူ့ဇနီးတစ်ဦးတည်းသာ ပုံမှန်ဖြစ်နေပုံရပြီး ပါးလေးတွေကတော့ ပန်းနုရောင် သန်းနေသည်။