9

3.6K 424 30
                                    

(Unicode)

​"​အော် ဂျီမင်း​ရောက်ပြီလား"

"ဟုတ်"

"လာ ထိုင်​လေ ဒါနဲ့ hyungကိုမှတ်မိလား"

"ဗျာ ဟို ဘယ်သူ"

"ဂျီမင်းတို့ weddingမှာ​တွေ့ဘူးတယ်​လေ ယွန်းဂီရဲ့သူငယ်ချင်း"

အဲ့hyung​ပြော​တော့ကျွန်​တော်စဥ်းစားမိတယ်။ဟုတ်သား ယွန်းဂီကသူငယ်ချင်းများများစားစားမရှိတာ​​ကြောင့် weddingမှာယွန်းဂီရဲ့သူငယ်ချင်းဆိုလို့ သူတစ်​ယောက်ဘဲရှိတယ်။

"အာ ကျွန်​တော်မှိတ်မိပြီ ဟီး တစ်​ခေါက်ဘဲ​တွေ့ဘူးတာဆို​​​တော့ရုတ်တစ်ရက်​ဖြစ်သွား​တော့ကျွန်​တော်မမှတ်မိဘူးဖြစ်သွားတယ်"

"ရပါတယ် ဒါနဲ့ဂျီမင်းကဒီမှာဘယ်လိုလုပ်ဖြစ်သွားတာလဲ"

"အစကအ​ဖေ့ဆီမှာအလုပ်လုပ်ဘဲ ယွန်းဂီက​ပြော​တော့ဒီမှာဘဲလုပ်ဖြစ်သွားတယ် ဒါနဲ့အင်တာဗျူး​ဖြေစရာမလိုဘူးလားဟင်"

"ဟဟ မလိုပါဘူးကွာ ယွန်းဂီကပြောတယ်ဂျီမင်းကိုငါ့ဆီမှာအလုပ်ခန့်ဖို့​ပြောတာမဟုတ်ဘူး အလုပ်လာလုပ်မယ်​ပြောတာတဲ့"

"အာ ဒါဆို ယွန်းဂီကhyungကိုအနိုင်ကျင့်လိုက်တာ​ပေါ့"

"​အေး​ပေါ့"

"ဒါဆိုအားနာစရာကြီး ကျွန်​တော့်ကိုအလုပ်ခန့်ချင်လား အခန့်ချင်လားမသိ"

"အဲ့လိုမ​တွေးပါနဲ့ hyungလည်းဂျီမင်းကိုအလုပ်ခန့်ချင်ပါတယ်"

"ဟုတ်​ကျေးဇူးပါ ကျွန်​တော်ကြိုးစားကြိုးစားလုပ်ပါ့မယ်"

"အင်း"

ဟို​ဆော့hyungကသ​ဘော​ကောင်းတယ်ယွန်းဂီနဲ့ကွာပါ့ ဒါမဲ့လည်းအိမ်​ရောက်ရင်​ကျေးဇူးတင်ရမယ် သူ့​ကြောင့်အလုပ်ရတာဆို​တော့။

.............။

ဒီ​နေ့ဂျီမင်းအလုပ်စဆင်းရမှာဆို​တော့အစကလိုက်ပို့မလို့ဘဲဂန်ဟာ​ယောင်းအရှုပ်မက​တွေ့ချင်တယ်ဆိုလို့လိုက်မပို့ဖြစ်ဘူး။ဂျီမင်းကလိုက်ပို့​စေချင်ပုံတယ် လိုက်ပို့လို့ပြောရင်လိုက်ပို့မလို့ဘဲ မာနကြီးတဲ့​ကောင်​လေး။

Hold Me Tight(Completed)🐾Where stories live. Discover now