Extra-1. (Uni)

575 21 0
                                    

ဒီနေ့ဟာ jayနဲ့မင်းသွေးခန့်တို့ရဲ မင်္ဂလာဆောင်သောနေ့ပင်ဖြစ်သည်။
နှစ်ဖက်မိဘများကြောင့် အခက်အခဲမရှိခဲ့ပေ။ မင်္ဂဆောင်ဟာ အကျယ်တဝင့်မဟုတ်သော်လည်း jayစိတ်ကြိုက် မိဘများရဲ့ဇာတိဖြစ်သော နယ်မှာပင်ဘုန်းကြီးဆွမ်းကပ်ကာ လူကြီးများကိုဖိတ်ကြားထားလေသည်။ jayကတော့ရှက်နေမည်ထင်သည်။ သူကတော့ပျော်နေရှာလေသည်။ သူမပျော်သင့်ဘူးလား။ ကိုယ်ချစ်ရသူနဲ့အတူနေရမယ့်အရေးပျော်တာပေါ့။ အကုန်လုံးပြီးစီးကာ နှစ်ဖက်မိဘများကို ကန်တော့ရလေသည်။

လှိုင်ရယ် အစကမမမြတ်တို့ကြောင့် သူတို့နှစ်ယောက် အချစ်တွေနောက်ဆုတ်သွားမယ်ထင်ပြီး စိုးရိမ်နေခဲ့တာ အခုမှပဲမမြတ်လဲ ပျော်မိတော့တယ်။

မမြတ်ရယ် အစထဲကလှိုင်တို့ကသူတို့နှစ်ယောက်ကိုသဘောတူခဲ့ကြတာမဟုတ်ဘူးလား။ သူတို့နှစ်ယောက်ကသာ ငါကယောကျ်ားလေးမိန်းမပဲယူမယ်ဆိုပြီး ကြွေးကြော်ခဲ့ကြတာမဟုတ်ဘူးလား။ ဒါတောင် မမြတ်နဲ့လှိုင်တို့ရဲ့အကြံအစည်ကို သမီးလေးနဒီရဲ့ အကြံဉာဏ်နဲ့ပေါင်းစပ်လိုက်လို့လေ။ ဒီလောက်ကြီး လုပ်ပေးထားတာတောင် သူတို့နှစ်ယောက်က နစ်ယောက်ကိုတစ်ယောက်ငဲ့ပြီး ဖွင့်မပြောကြဘူးမဟုတ်လား။ သူ့တို့နှစ်ယောက်အခုလိုဖြစ်သွားတာ ဟိုတေးရေးဆရာ Kaiဆိုတဲ့ကောင်လေးကိုပင်ကျေးဇူးတင်ရအုံးမယ်။ မဟုတ်ရင်သူ့တို့နှစ်ရောက်ရဲ့ ခံစားချက်တွေကိုဘအခုထီမျိုသိပ်ထားအုံးမလားပဲ။ ဘယ်လိုလဲမမမြတ် လှိုင်သရုပ်ဆောင်မှု့ပီပြင်ရဲ့လား။

လှိုင်သရုပ်ဆောင်ကောင်းတဲ့အတွက်ကြောင့် မမြတ်တောင် နည်းနည်းကြောင်သွားတယ်။ ဘာတဲ့ နယ်ကမိန်းကလေးနဲ့လက်ထပ်ပေးမယ်ဆိုပဲ။
လှိုင့်အပြောကြောင့် နှစ်ယောက်သားအကြောက်အကန်ငြင်းတာများ jayကို ကျွန်တော်အရမ်းချစ်တာပါတဲ့။ တစ်သက်လုံး သစ္စာရှိရှိနဲ့လက်တွဲပါမယ်တဲ့။ မမြတ်မရယ်မိအောင်လမနည်းထိန်းထားရတယ်။ အခုလိုဝေးကြရမယ်ဆိုမှ ပွင့်ထွက်လာတဲ့ ခံစားချက်တွေကိုကြည့်ပြီး မြတ်တို့ဆယ်ကျော်သက်အရွယ်တုန်းက အဖြစ်အပျက်ကိုပြန်သတိရမိတယ်။

မမြတ်​ပြောတာဟုတ်ပ အဲ့ဒီအချိန်တုန်းက လှိုင်တို့လဲ။ သူတို့နှစ်ယေါက်အဖြစ်အပျက်နဲ့သိပ်ဆင်တယ်နော်။

ကံကြမ္မာက ဖန်တီးပေးတဲ့ အချစ်Where stories live. Discover now