စလေးသရင်း seeker အသစ်

3K 391 20
                                    

ဟယ်ရီတို့ဂရင်းဖင်းဒေါကွစ်ဒစ်အသင်းသားတွေ လေ့ကျင့်ကွင်းထဲသို့ လေ့ကျင့်ရန်ဆင်းလာကြသည်။Capatin အော်လီဗာ ဝုဒ်ကတော့ ရှေ့ဆုံးကနေ
ဦးဆောင်ကာ ဟယ်ရီတို့ကို နွေရာသီတုန်းကသူအသစ်တွေးထားတဲ့ကစားနည်းပုံစံ
ကိုရှင်းပြလာသည်။ရဲတိုက်အပြင်ရောက်တော့ သူတို့လိုပဲကွစ်ဒစ်ကွင်းကိုဦးတည်နေ
တဲ့စလေးသရင်းကွစ်ဒစ်အသင်းနဲ့တည့်တည့်တိုးသည်။စလေးသရင်းထဲမှာ ထင်ပေါ်
နေတာက ဒေမီယန်ပင်။Captain ဖလင့်ထက်ပင်အရပ်ရှည်ပြီး မြစိမ်းရောင်
စလေးသရင်းကွစ်ဒစ်ဝတ်စုံကိုသေသပ်စွာ ဝတ်ဆင်ထားသည်။အော်လီဗာက ဖလင့်
ကိုမေးလိုက်သည်။

"ဖလင့်…မင်းကဘာလာလုပ်တာလဲ?"

"ကွစ်ဒစ်လေ့ကျင့်ဖို့ပေါ့ ဝုဒ်ရဲ့"

"ရယ်စရာပဲ…ဒီနေ့ဂရင်းဖင်းဒေါက လေ့ကျင့်ဖို့ကြိုတင်စာရင်းပေးထားတာကွ!!"

"လွယ်ပါတယ် ဝုဒ်ရာ…ငါ့မှာ စာပါလာပြီးသားကွ!!"

အခြေအနေက တင်းမာနေပြီဖြစ်၍ ရဲတိုက်အပြင်ကခုံတန်းလေးမှာစာကြည့်နေတဲ့
ရွန်နဲ့ဟာမွန်နီက တစ်ခုခုဖြစ်ရင်ဝင်ဖြန်ဖြေရအောင် ဟယ်ရီတို့အနားကိုရောက်လာ
ကြသည်။တစ်ဖက်က ခုံတန်းမှာပထမနှစ်နဲ့ဒုတိယနှစ်ကလေးမလေးတွေကို စာရှင်းပြ
နေသော ဂရင်းသည်လည်းကလေးမလေးတွေကိုစာရှင်းပြနေတာကိုရပ်ကာ ဟယ်ရီ
တို့ကိုကြည့်လာသည်။ဘေးက ကလေးမတွေကတော့ ခန့်ညားလှသည့်ဂရင်းကို
တစ်လှည့် ဒေမီယန်ကိုတစ်လှည့် ဖလင့်ဘေးက ဒရက်ကို ကိုတစ်လှည့်နှင့့် အပြိုင်အဆိုင်ကို ငေးကြည့်နေကြသည်။

ဖလင့်က ရယ်ကျဲကျဲနဲ့အော်လီဗာကို စာလွှာတစ်ခုပေးလာသည်။အော်လီဗာကစာကို
ဖွင့်ဖတ်သည်။စာပါအကြောင်းအရာကတော့ စလေးသရင်းseekerအသစ်အား
လေ့ကျင့်ပေးရန် စလေးသရင်းအသင်းအား လေ့ကျင့်ခွင့်ပေးထားသော Professor စနိပ်ရဲ့စကားပင်။အော်လီဗာက စာကိုပြန်လိပ်လိုက်ရင်းမေးသည်။

"မင်းတို့ရဲ့ seeker အသစ်ကဘယ်သူလဲ?"

ဒရက်ကိုက ဖလင့်နောက်ကထွက်လာရင်း ဖြေလိုက်သည်။

"ငါပဲ…ဝုဒ်"

ဟယ်ရီကတော့ မျက်ခုံးပင့်ကြည့်လိုက်ရင်းပြုံးလိုက်သည်။"နောက်ဆုံးတော့လည်း
ငါမင်းကိုကွစ်ဒစ်မှာပါ အနိုင်ယူရတော့မှာပေါ့"ဟယ်ရီတွေးရင်း ဒရက်ကို့ကို ကြည့်လိုက်သည်။ဒရက်ကိုကသူ့တံမြက်စည်းကို ဟန်ပါပါကိုင်ရင်းထပ်ပြောသည်။

Saving Draco Malfoy (Draco x Harry)Where stories live. Discover now