လူတစ်ယောက်ရဲ့အချစ်ကို လက်ခံပေးပြီး
နှလုံးသားထဲ ထည့်ထားနိုင်ဖို့ဆိုတာ
လွယ်မယောင်သလိုနဲ့ သိပ်ခက်ခဲတဲ့အလုပ် ..
နှလုံးသားမှာ
နေရာလွတ်တွေ့တိုင်း
ပြေးဝင်မလာချင်ပါနဲ့ဗျာ
ဒီနေရာက ဆိုင်သူရှိနှင့် နေခဲ့ပြီးသား ...
(ချစ်ရိပ်လွှမ်း )
ရွှေအိုရောင်ဆံပင်နဲ့
ကောင်လေးတစ်ယောက်ကို တွေ့တိုင်း
မင်းများဖြစ်နေမလားလို့
လိုက်ကြည့်မိခဲ့ဖူးတယ် ..
အတိတ်ဆိုတာ အတိတ်မှာ မနေခဲ့ဘဲ
ပစ္စုပ္ပန်တွေအထိ
မင်းက ကိုယ့်ဘဝကို စိုးမိုးလွန်းခဲ့တယ် .. ဗင်ဒါ ..( ရှင်မင်းဆက် )
စည်းဆိုတာ ကျော်မလာဖို့ တားထားတဲ့
မျဉ်းကြောင်းလေးတစ်ခုပဲ .. လွှမ်း
ဘယ်လိုလုပ်မလဲ
ဒီစည်းတွေက အယောင်ဆောင် စည်းအတုတွေ
ကျော်မိရင်တောင် ကိုယ့်ကို ဒဏ်ခတ်လို့ရမယ့်
ပုဒ်မ မရှိဘူး ...(ထိုက်သူစိုး)
YOU ARE READING
ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]
Romance[Unicode] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်တစ်ခါဆီက ကိုကိုသိပ်ချစ်ခဲ့တဲ့ ဗင်ဒါဆိုတဲ့ ကောင်လေးကို အမှတ်ရပေးပါ [Zawgyi] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်တစ်ခါဆီက ကိုကိုသိပ်ချစ်ခဲ့တဲ့ ဗင်ဒါဆိုတဲ့ ကောင်လေးကို အမှတ်ရပေးပါ