Extra-Final. (Uni)

672 18 5
                                    

မှန်ပြတင်းပေါက်မှ ဖြာကျလာသောအလင်းရောင်ကြောင့် အိပ်ယာပေါ်မှထထိုင်ရန်ပြင်ကာ လက်တစ်ဖက်ရဲ့ထုံကျင်နေသောကြောင့် သူjayခေါင်းလေးကိုအသာမကာ နှိုးသွားမည်ကိုလဲ စိုးရိမ်မိလေသည်။ ညက ပိုပင်ပန်းမယ့်သူက jayဖြစ်မည်ထင်သည်။ သူအိပ်ယာမှ အသာအယာထကာ jayနဖူးကို ခပ်ဖွဖွနမ်းလိုက်လေသည်။ ကုတင်အောက်ကိုဆင်းကာ ထထွက်လာသောသူ့လက်ကို တစ်စုံတစ်ခု၏ အားပါမှု့ကြောင့် ကိုယ်အနေအထားပျက်ကာ နောက်သို့ပြန်လှည့်ကာ အိပ်ယာပေါ်သို့ လဲကျလေသည်။

Jay မင်းလက်ကိုဆတ်ခနဲဆွဲလိုက်သောကြောင့် jayပေါ်လဲကျသော မင်းနှုတ်ခမ်းနဲ့ jayနှုတ်ခမ်းနှစ်လွှာဟာ နူးညံ့သောပန်းဝတ်လွှာနှစ်လွှာထိတွေ့ခြင်း၊ ပိုးဖဲကတ္ထီပါထက် ပို၍နူးညံ့လေသည်။ jayတရှိုက်မက်မက် မြတ်နိုးကာ နမ်းခြိုက်မိလေသည်။ မနက်ခင်းရဲ့နိုးထချိန်ဟာ ကိုယ်ချစ်ရတဲ့သူကို အရင်ဆုံးမြင်ရခြင်းဟာ ထိုမနက်ခင်းရဲ့ပြည့်စုံမှုတင်မဟုတ်ပဲ၊ ဘဝတစ်ခုလုံးရဲ့ပြည့်စုံခြင်းဟုပင်တင်စားလို့ရလေသည်။

ကျွန်တော်ကိုထားခဲ့ပြီး ဘယ်ထွက်သွားမို့ကြံနေတာလဲ။ သူနှုတ်ခမ်းခပ်စူစူပုံစံလုပ်ကာ မင်းကိုချွဲနေလေသည်။

ကိုယ်ဘယ်မှမသွားပါဘူး။ ဘာလဲကိုယ့်ငုံးဥပေါက်လေးက ကိုယ့်အနားကနေ တစ်ချက်ကလေးမှမဝေးချင်တာမျိုးလား။ ဒါမယ့်ကိုယ် ရှုးရှူးလေးတော့ သွားပေါက်ခွင့်ပြုပါ။

"ဟာ Minကညစ်ပတ်တယ်ကွာ။ ဒါပေမယ့် မြန်မြန်သွားပြီးမြန်မြန်ပြန်လာခဲ့နော်။"

"အွန်း ကိုယ်ရှုးတဝက်ပဲပေါက်ခဲ့မယ်နော်။"

"Minကရွဲ့နေပြန်ပြီ"

ဟား ဟား Minသဘောကျစွာရယ်မိလေသည်။ jayဟာ ယောကျ်ားလေးတစ်ယောက်ဖြစ်သည့်တိုင် သူ့ကိုချွဲနွဲ့သောစကားကိုကြားရတာတောင် Minအတွက်တော့ မငြီးမငွေ့ပျင်းရိ ရိုးအီသွားချင်မရှိပေ။

"Min Min အခုထိမလာသေးဘူးလား..."

ကိုယ်လက်ရေဆေးနေလို့ပါ နည်းနည်းလေးကြာသွားတာ။ လာပါပြီ ကိုယ့်ရဲ့ငုံးဥပေါက်လေးရ။

"Min ဒီနေ့အတွက် ဘာအစီစဥ်တွေရှိလဲ။"

"အွန်း ဒီနေ့ကိုယ့်ရဲ့အစီစဥ်တွေကတော့ ပြောမပြဘူး။ အစီအစဥ်ကို စောင့်မျှော်ကြည့်ရှု့ပေးကြပါလို့ ပရိတ်သတ်ကြီးကိုပြောပါရစေ။ မီးလေးတစ်ချက်လောက် မှိတ်ပေးပါခင်ဗျာ။"

ကံကြမ္မာက ဖန်တီးပေးတဲ့ အချစ်Where stories live. Discover now