City of Love - 1

8.3K 458 21
                                    

👉If you read this part .. please give me vote

Zawgyi

ရင်ခုန်သံတို့စတင်ခဲ့ရာ ဘူဆန်မြို့ ....

နွေအကူးဖြစ်သောကြောင့် ... လမ်းမတစ်လျှောက် သစ်ရွက်ဝါတို့ ကြွေကာ ... လေပြေလေအေးလေးတိုက်ခတ်နေသည် ... နေရောင်ခြည်ဖျာကျမှု့နှင့်အတူ ခမ်းနားထည်ဝါ စွာတည်ရှိနေသော ဘူဆန် အထက်တန်းကျောင်း ... ကျောင်းဝတ်စုံများဖြင့် ကျော့ရှင်းနေကြသော ကျေင်းသား၊ ကျောင်းသူများ ...

စာသင်နှစ်၏ ပထမဆုးံနေ့ တစ်နည်း အရာအားလုးံစတင်ရာ သို့မဟုတ် ရင်ခုန်သံအစပျိုးခြင်း သို့မဟုတ် တစ်စုံတစ်ရာကိုရှာဖွေတွေ့ရှိခြင်း ...

🌼 City of Love 🌼

အလွန်ကျယ်ဝန်းသော ခြံထဲရှိ ... နန်းတော်တစ်မျှခမ်းနားလှသော နှစ်ထပ်အိမ် ... ပန်းပေါင်းစုံစိုက်ပျိုးထားသောကြောင့် ခြံဝင်းတစ်ခုလုးံ မွေးပျံနေကာ ... ကျောက်သားလှေကားချပ်များက အစီအရီ ... ပြာလဲ့နေသော ရေကူးကန်၏ ဘေးတွင် ဆောက်လုပ်ထားသော လူလုပ်ရေတံခွန် ... အရာအားလုံးပြည့်စုံပါသည် ... နွေးထွေးမှု့ကလွဲလို့ ....

အပေါ်ထပ်အခန်းတွင်တော့ ... ကျောင်းသွားဖို့ပြင်ဆင်နေတဲ့ ကောင်လေးတစ်ယောက် ... အထက်တန်းကျောင်းသား ဖြစ်သည့် ပထမဦးဆုးံနေ့မို့ စိတ်လှုပ်ရှားနေမိသည် ... နက်ခ်တိုင်ကို သေချာပြင်ဆင်ကာ ဆံပင်ကိုလက်နှင့်ထိုးဖွလိုက်ပြီး ... နာရီကို ကြည့်မိတော့ 8 : 15 ...

" ဟာ ... ဟိုကောင် ဘာလို့နောက်ကျနေတာလဲမသိဘူး .... "

စိတ်မရှည်လာသဖြင့် လေပူတစ်ချက်မှုတ်ကာ ...အောက်ဆင်းလာတော့ မမြင်ချင်တဲ့ မြင်ကွင်းကိုတွေ့လိုက်ရသောကြောင့် ဒေါသကထောင်းခနဲ ...

" အစ်ကိုလေး ... သခင်ကြီးက မနက်စာစားသွားပါတဲ့ "

" မစားတော့ဘူး ... အဖေ့ကိုပြောလိုက် ငါသွားပြီးလို့ ..."

ဒေါသထွက်ပြီး အိမ်ကထွက်လာသောကြောင့် ဖိနပ်ကတစ်ဖက်စီ ... သို့သော်ပြန်မလဲချင် ... ဟိုမိန်းမ မျက်နှာမမြင်ချင်သောကြောင့် စောစောသွားမည်ဟု .....သတိပေးထားသော်လည်း ရောက်မလာတဲ့ သကောင့်သားကိုသာ စိတ်ထဲကာ မှန်းကာ ကျိန်စာ တိုက်နေမိသည် ...

The City Of Love | Jinkook [ MM ]Where stories live. Discover now