Chapter 25 ( Zawgyi)

5.5K 250 0
                                    

လွှမ်းက ဘဲဆိုးကြီးရဲ့ကားနဲ့ ကျောင်းဝင်းကြီးထဲကို ပြန်ရောက်လာသည်။ ကားရပ်တာနဲ့ လွှမ်း၏လက်တစ်ဖက်ကို ဘဲဆိုးကြီးက ပိုင်စိုးပိုင်နင်း လှမ်းဆွဲပစ်လာသည်။

"လွှမ်း ..ခဏနေပါဦး၊ အတန်းရှေ့ ပြန်လိုက်ပို့ပေးမယ်၊ လွှမ်းရဲ့အထုပ်တွေ ကိုယ့်ကိုပေး"

"မလိုပါဘူး၊ ခင်ဗျားနဲ့ကျွန်တော် ချစ်သူမဟုတ်ဘူး၊ တစ်ပွဲလောက် အနိုင်ရသွားတာနဲ့ ဘဝင်မြင့်မနေနဲ့၊ ခင်ဗျားကလေ ကိုယ်အကျွမ်းကျင်ဆုံးနဲ့ ယှဉ်ပြိုင်ပြီးတော့ ပွဲဦးထွက် အနိုင်ယူလိုက်တာ၊ ခင်ဗျားကြီးကို လုံးဝမကျေနပ်ဘူး"

"အဲ့ဒါဆိုရင် နောက်ထပ်ပြိုင်ပွဲကို လွှမ်း စိတ်ကြိုက်ရွေးချယ်ကွာ၊ လွှမ်းကို ထပ်အနိုင်ယူပြမယ်"

"ဘဲဥပုပ်ကြီး အိပ်မက်မက်မနေနဲ့၊ ဒီတစ်ခါက ခင်ဗျားကျွမ်းကျင်တဲ့ စကိတ်ပေါ့၊ နောက်ထပ်ပြိုင်ပွဲကို ရေကူးရေငုပ်ပြိုင်မယ်ဗျာ"

"ရေကူးရေငုပ်လား၊ ရတယ်လေ၊ လွှမ်းစိတ်ကြိုက်ကို ရွေးချယ်၊ ကိုယ်က ပြိုင်ပွဲတိုင်းမှာ လွှမ်းကို အနိုင်ရအောင် လုပ်ဦးမှာ"

"ဟား ဟား ဟား ..အဲ့ဒီလိုပဲ ရယ်လိုက်တော့မယ်ဗျာ၊ ခင်ဗျားက ကျွန်တော့်ကို နောက်ထပ်ပြိုင်ပွဲမှာ ခွက်ခွက်လန် ရှုံးမှာ သိလား"

"ကိုယ်က လွှမ်းကို ဒုတိယအကြိမ် အနိုင်ယူဦးမှာ"

"ကျွန်တော်ကလေ သောင်ရင်းမြစ်ထဲမှာ ရေငုပ်လာတာ၊ ခင်ဗျား ရှုံးမှာ"

"အဲ့ဒါဆို ဆရာကြီးပေါ့၊ ကြိုက်သွားပြီ၊ ကိုယ်ကလည်း ဆရာကြီးကို အလဲထိုးပြမယ်၊ ထပ်နိုင်ရင် ဒီနေ့လိုပဲ လွှမ်းကို နမ်းပစ်ဦးမှာ"

"လိပဲဗျ ဘဲဥပုပ်ကြီး၊ ခင်ဗျားနဲ့ ရေကူးရေငုပ်ပြိုင်မယ်၊ အချိန်တစ်လပေးမယ်၊ ကျွန်တော်နိုင်တာနဲ့ ခင်ဗျားညီ‌လေးကို နာနာကြီး ပိတ်ကန်ပစ်မှာ"

"ကိုယ့်ညီလေးတော့ နာရချည်သေးရဲ့"

"မျက်နှာပြောင်မနေနဲ့၊ ကျွန်တော် တကယ်ကြီးကို ပိတ်ကန်ပစ်မှာ"

ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]Where stories live. Discover now