.. ၁၇၆ ..
8.6K 949 9
《Zawgyi》
အပိုင်း - ၁၇၆
[မင်္ဂလာပွဲ - ၁]
ဧပြီလ ၂၈ရက်နေ့ဟာ မင်္ဂလာဆောင်ဖို့အတွက် ရက်ကောင်းရက်မြတ်ပင် ဖြစ်လေသည်။
ဤသို့ ခမ်းနားကြီးကျယ်လှသော မင်္ဂလာပွဲကြီးမျိုးဟာ ရှန်ကျင်းမြို့၌ နောင်ဆယ်စုနှစ် အနည်းငယ်ကြာတာတောင် ထပ်ရှိနိုင်တော့မည် မဟုတ်ပေ။ သတို့သမီးကို ကြိုဆိုသည့် သတို့သားနှင့် သတို့သားအရံတွေ၏ ကားတန်းကြီးသည်ပင် နဂါးကြီးတစ်ကောင်ကဲ့သို့ ရှည်လျားလှပေတော့သည်။ အစကနေ အဆုံးထိ မြင်ရဖို့တောင် ခဲယဉ်းသည်ဖြစ်ပြီး လာရောက် ကြည့်ရှုကြသူတွေကလည်း အများကြီးရှိကာ ရိုက်ကူးမှတ်တမ်းတင်ကြသည့် ကင်မရာတွေပင် မရေတွက်နိုင်အောင် ရှိကြတော့သည်။
ပုံမှန် မင်္ဂလာဆောင်တွေကဲ့သို့ပင် သတို့သားက သတို့သမီးရဲ့အိမ်သို့ လာခေါ်သည့် ခရီးတစ်လျှောက်လုံးဟာ ပျော်ရွှင်မှု ချိုမြိန်မှုတို့ဖြင့် ပြည့်နေတော့သည်။
မင်္ဂလာပွဲကို လာရောက်ကြတဲ့ ဧည့်သည်တွေအားလုံးကလည်း ချမ်းသာကြွယ်ဝကြသူတွေဖြစ်ပေမယ့် မည်သူမျှ ချန်းစီနျန်ကို မနှောင့်ယှက်ရဲကြပေ။ ကျွမ်ကျူးမှလွဲလို့ပေါ့။ သတို့သားကို အရက်အနည်းငယ်တိုက်ပြီးနောက် ကျွမ်ကျူးဟာ ချန်းစီနျန်က ချင်းစုယွဲ့အား ကလေးလိုတန်ဖိုးထားမှန်း သိခဲ့လေသည်။ ထို့ကြောင့် ဧည်သည်စားပွဲတွေသို့ သွားရောက်ကာ သူမအား မင်္ဂလာအရက်ကို တစ်ဝက်လောက်သာသောက်ဖို့ ကူညီပေး၏။ ထို့နောက် သတို့သမီးကို မစနောက်ဖို့ ဆုံးဖြတ်လိုက်သည်။
ဒါပေမယ့်လည်း သတို့သမီးအရံတွေဖြစ်သည့် ကူထုံးနှင့် ကျုံချင်းတို့ကတော့ သူမကို အများကြီး သောက်ကူခဲ့ရသည်။ ထိုနှစ်ယောက် ဧည့်သည်စားပွဲတွေ အလယ်မှာ ရောက်နေတာကို ချင်းစုယွဲ့ကမြင်တော့ ချန်းစီနျန်ကို ကူညီခိုင်းလေသည်။ သို့မှသာ သူမတို့နှစ်ဦးဟာ ဧည့်သည်တွေအများကြီးရဲ့ သောက်ခိုင်းခြင်းက လွတ်တော့မှာဖြစ်သည်။
ပွဲပြီးသွားတော့ ချင်းစုယွဲ့က အဆုံးမရှိ ပျော်ရွှင်နေမိပေမယ့် ပင်လည်းပင်ပန်းနေ၏။