ဘွားဘွားကြီးရဲဒဏ်ပေးစနစ်ကတော့ ငယ်ငယ်တုန်းကပုံစံအတိုင်းပါပဲ။
ဒူးထောက်ခြင်းကို
ကျင့်သားရနေပြီဆိုပေမယ့် နာကျင်မှုသေးသေးလေးကိုတော့ခံစားနေရတယ်။
ကောင်လေးက သူ့ကို ဥပေက္ခာပြုလွန်းတယ်။
အိမ်ကခိုးထွက်ခြင်းပြစ်ဒဏ်အဖြစ် နှစ်နာရီတိတိဒူးထောက်ပြီး အချိန်စေ့သွားချိန်မှာတော့ အတွင်းရေးမှူးကင်က ဒူးထောက်နေသေးတဲ့ သူ့ကိုလာဆွဲထူတယ်။
ခြေဖျားလေးတွေကျင်နေကာ ထုံနေပြီး တစ်ဆစ်ဆစ်နာနေတဲ့ဒူးခေါင်းဆီကနာကျင်မှုကိုဥပေက္ခာပြုရင်း ရင်ဘက်ထဲကအနာကို ကုသဖို့ ဖုန်းကိုကောက်ကိုင်တော့ အခန်းထဲထိလိုက်ပို့တဲ့အတွင်းရေးမှူးကင်က ခေါင်းခါပြီးအခန်းထွကထွက်သွားတယ်။ဒီချိန်ကောင်လေးဘာလုပ်နေမလဲ။
💬Honey က ရက်စက်လိုက်တာ..💬
ဖတ်သူမရှိတဲ့ စာတိုလေးအတွက်
အမှန်ခြစ်တစ်ခြစ်လေးသာရရှိ၏။💬ကိုယ် ဇွဲမရှိလို့ပြန်သွားတာမဟုတ်ဘူးနော်။ဘွားဘွားကြီးက ဖုန်းဆက်ခေါ်လို့ ပြန်သွားတာ။ ကိုယ့်ကို ဒဏ်ပေးထားတာကြည့်ပါဦး။ခြေထောက်တွေဆို ထုံပြီးနာနေတာ။ဒါပေမယ့် Honeyကြောင့် နာတဲ့အနာက ပိုနာကျင်တယ်💬
ပို့ပြီးကာမှ ကိုယ့်စာကိုယ်ပြန်ဖတ်ပြီးရှက်နေတဲ့ရှောင်းကျန့်ကခေါင်းလေးငုံ့ပြီးပြုံးမိတယ်။
ဦးဆောင်လိုစိတ်ကြီးမားလွန်းတဲ့ရှောင်းကျန့်က ရိပေါ်နဲ့ပက်သက်ရင်တော့ အရမ်းကိုကလေးဆန်ချင်လာတာ။ပင်းပန်နွမ်းနယ်နေတဲ့ ခန္ဓာကိုယ်ကို အားဖြည့်ဖို့ကုတင်ပေါ်ပစ်လဲချလိုက်ပြီး အဖြူရောင်မျက်နှာကျက်ကိုငေးရင်း ကောင်လေးရဲ့အချစ်ကိုရဖို့ ဘာတွေလုပ်ရမလဲတွေးနေတုန်း ဖုန်းringtoneသံက ကျယ်လောင်စွာမြည်လာသည်။
ဖုန်းနံပါတ်ကိုမြင်လိုက်ရတော့ မယုံကြည်နိုင်တာကြောင့် မျက်လုံးကိုလက်နဲ့သေချာပွတ်ပြီးနောက်တစ်ခေါက်ထပ်ကြည့်တယ်။
ကောင်လေးရဲ့ဖုန်းနံပါတ်လေးလှလှလေးက တကယ် သူ့ဖုန်းကို ခေါ်သူအဖြစ် ရှိနေတာ။"ဟဲလို Honey ကိုယ် အရမ်းလွမ်းနေတာ"
ဖုန်းကိုင်ပြီးပြီးခြင်း ပြောချင်လွန်းတဲ့စကားကိုအရင်ဆုံးဦးအောင်ပြောလိုက်တော့ ကောင်လေးရဲ့ ရယ်သံ သဲ့သဲ့လေးကို ကြားလိုက်ရတယ်။
YOU ARE READING
DEATH-TRAP
Fanfictionငါ ကျရှူံးဖို့ မင်းအပြုံးနွေးနွေးလေးပဲလိုပါတယ် 15.8.2020======>