Part-5

7K 629 41
                                    

#Zawgyi

Seoul မြို့ရဲ့လမ်းလေးပေါ်မှာ
ပြေးလွှားနေတဲ့ အနက်ရောင်ပြိုင်ကားလေးထဲမှ

ကောင်လေးနှစ်ယောက်ကတော့
တိတ်ဆိတ်စွာနဲ့ အေးစက်နေလေသည်

ပြတင်းပေါက်လေးကနေတစ်ဆင့်
အပြင်အားငေးရင်း သူတွေးမိသည်က

အခု သူနဲ့ MinYoongi ဆိုတဲ့လူနဲ့က
ဘယ်လိုဆက်ဆံရေးလဲ?

ရည်းစားလည်းမဟုတ်
တစ်ညတာ ပက်သတ်မိခဲ့ရုံပါပဲ
ဒါမဲ့. ထိုအတွေးက သူ့ရင်ကိုမွန်းကြပ်စေတာတော့အမှန်ပါ

ကားရပ်သွားတာကိုပင် မသိလိုက်ပါပဲ
အတွေးပွားနေသောသူက
ကားတံခါးလာဖွင့်ပေးတဲ့လက်အစုံကြောင့်

အသိပြန်ဝင်လာရသည်
ကားထဲမှ ထွက်ကာကြည့်မိတော့
Aww.....ဟန်မြစ်ကိုရောက်နေတာပဲ

ကားပေါ်မှာလည်း စကားပြောဆိုခြင်းမရှိပဲ
အပြင်ကိုသာငေးရင်းလိုက်ပါလာတဲ့ကောင်ငယ်လေးပုံက
အတွေးထဲ နစ်မွန်းနေသယောင်...

ဘေးချင်းယှဉ်ပြီး လမ်းလျှောက်လာပေမဲ့
စကားမဆိုမိ
ခုံလေးပေါ် သူဝင်ထိုင်တော့
အူကြောင်ကြောင်လေးဖြင့် လိုက်ဝင်ထိုင်လာသည့်
ကောင်လေးကြောင့်
သူကြိတ်ပြုံးမိသည်

အတော်ကြာမှ စကားဆိုလာတဲ့
သူ့ရဲ့ baby ပေါက်လေးရယ်ပါ

" အဟမ်း....ဘာ..ဘာပြောစရာရှိလို့
ဒီကို ခေါ်လာတာလဲ? "

" မနက်က ကိုယ်အရင်ပြန်သွားမိတာ စိတ်မကောင်းလို့
အဲ့ဒါကြောင့် babyကို လာကြိုတာ "

" ဘာကိစ္စနဲ့ လူကို တbaby တည်း babyနေတာလဲ
MinYoongi shi "

" အဟက်...babyက ကိုယ့်နာမည်တော့ မှတ်ထားသားပဲ
ကိုယ့်ရဲ့baby မို့လို့ babyလို့်ခေါ်တာပေါ့ babyရယ် "

ပိုင်စိုးပိုင်နင်းနဲ့ လူကိုများ
သူ့ babyလုပ်နေသေး..ဟွန့်

" အဟမ်း...ကျွန်တော် က MinYoongiရဲ့ babyလုပ်မယ်လို့်
မပြောဖူးဘူး နော် "

" Daddy တော့လုပ်ပါ babyရယ်
MinYoongi ဆိုတာကြီးက နားထဲ ကန့်လန့်ကြီးဝင်လာတာ "

နှာခေါင်းရှုံ့ကာပြောလာတဲ့
ထိုလူကြီးက ချစ်ဖို့တော့ကောင်းသား

Call Me Daddy!Kde žijí příběhy. Začni objevovat