Be MiNe...🖤(Ep- 15)

2.2K 300 16
                                    


#ZG

ထယ်ယောင်း တို့ သူ့အဖေအိမ်ရောက်ပြီးကတည်း
မပြန်တော့ဘဲ စံအိမ်ကြီးမှာ ဆက်နေခဲ့ကြသည်။
အဖေရဲ့ ကျန်းမာရေးက ဆိုးသထက် ဆိုးလာတာကြောင့်
ဘေးမှာ ရှိနေပေးတဲ့ ဂျီမင်းလေးကို ကျေးဇူးတင်ရမည်။
ဆေးတိုက်ချိန် ၊ အစားစားချိန်ဆို အဖေဟာ ဂျီမင်းနဲ့မှ
အဆင်ချောသည်။ စကားတွေပြောပေး...၊
စာအုပ်တွေ ဖတ်ပြပေးတာကြောင့်
doctor ပြောတဲ့ ၁၀ရက်ဆိုတဲ့
အချိန်ထက် ပိုပြီး ခုဆို ၁၃ရက်မြောက်နေ့ကို
ရောက်လာခဲ့သည်။

မီးဖိုချောင်မှာ အဖေစားဖို့ ဆန်ပြုတ် ပြုတ်ရင်း
အလုပ်ရှုပ်နေတဲ့ ဂျီမင်း ။
အိမ်အကူတွေချက်တဲ့ ဟင်း မစားဘူးဆိုပြီး
အတင်းငြင်းနေတဲ့ လူကြီးမင်းKimဟာ
ဂျီမင်း လက်ရာကိုတော့ ခံတွင်းတွေ့နေတော့သည်။

" အဒေါ်ကြီး ဒီလောက်ဆို ကျက်လောက်ပြီ
ထည့်ဖို့ ပန်းကန်ယူပေးပါဗျ "

ထိုစဉ်
ထယ်ယောင်း ရောက်လာခဲ့သည်။
ဂျီမင်း မသိအောင် တိတ်တိတ်ကလေး လျောက်လာပြီး
အိမ်အကူတွေကို လက်ဟန်ဖြင့် ထွက်သွားရန်
ပြောလိုက်သည်။

မနေ့က နမ်းလိုက်မိကတည်းက ကျွန်တော့်ကို ဂျီမင်း
ရှောင်နေတာ ကျွန်တော် သိတာပေါ့ ။

ချစ်ရသူဟာ Apron အပြာလေးနဲ့ ချက်ပြုတ်ရင်း
အလုပ်ရှုပ်နေသည်။
တနေကုန် တဒေါက်ဒေါက်နဲ့ အဖေရှိတဲ့ ၃ထပ်မြောက်နဲ့
အိမ်အောက်ကို သွားလိုက်ပြန်လိုက်နဲ့...။

သူလေး ပင်ပန်းနေပြီ ဆိုတာ သူကိုယ်တိုင်ပဲ
မေ့လျော့နေလေသလား...အချစ်ရယ် ။

နှဖူးပြင်ဟာ ချွေးသီးလေးတွေနဲ့ ဖြာကျနေတဲ့
ဆံပင်အုပ်အုပ်လေးဟာ ပနံသင့်လေသည်။
ချစ်ရသူဆီ အရောက်သွားပြီး ခါးအစုံကို
ထွေးပွေ့ထားရင်း ပခုံးသားလေးကို နမ်းရိုက်ပလိုက်သည်။

" အမလေး...!!
Tae ~ လန့်လိုက်တာကွာ
ဒီမှာ ဟင်းအပူတွေ ကိုင်ထားတာ မတော်လို့
ပြုတ်ကျရင် ပူကုန်တော့မှာပဲ "

 🄱🄴 🄼🄸🄽🄴  🖤✨ [ ᐯᗰIᑎ ]  /( Completed )Where stories live. Discover now