အပိုင်း(၂)လေပြေလေးဝင်လာခဲ့ပြီ(uni/zgi)

3.2K 309 14
                                    

               အဆောင်နေ ကျောင်းသားဘဝ ဟာ သူများတွေ ထင်ထားသလောက် မလွတ်လပ်ပဲ စည်းကမ်းတကျ ရှိ့လှသည်။ မနက် ၅ နာရီ ထိုးလျှင်  စာဖတ်ဖို့ ဆရာမလာနှိုးသည်။မိုးလင်းလျှင် မုန့်စားပြိးပြီးချင်း  ၇နာရီမထိုးခင် စာသင်ခန်းသို့ သွားရသည်။  ၉နာရီ စာသင်ခန်း မှပြန်လျှင်လည်း  ဆရာ ပေးလိုက်သော အိမ်စာ တစ်နင့်တပိုးကို အပြီးလုပ်ရသည်။ ကျောင်းကြိးမဖွင့်သေး၍ အိမ်စာများကို နင်းကန်ထည့်ပေးသည်ဟု ကျောင်းသား ဟောင်းများပြော၍ သိ့ရသည်။

        ညနေ၄ နာရီခွဲတွင် စာသင်ခန်း သို့ ဒုတိ့ယ အကြိမ် ဝင်ရသည်။ ညနေ ၆ နာရီတွင် ထမင်းစားရပြီး ခဏနားရသည်။  ည ၇ နာရီ ထိုးလျှင် ကျောင်းသား၊‌ ကျောင်းသူအားလုံး စုဝေးခန်းကို သွားရသည်။ ဆရာမကြိး အာလူးဖုတ်တာ ဆူတာ အော်တာအကုန်လုံးပြီးနောက် အဆောင်ပြန်ကာ စာကျက်ရသည်။

      ထက်စစ်ဟန် နဲ့ ဇေလင်းမောင် တို့ကား အခုအချိန်အထိ့ မခေါ်မပြောနိုင်ပဲ ရှိ့ကြသည်။ အားနေလျှင်စဖို့ နောက်ဖို့ပဲ စဉ်းစားနေတတ်တဲ့ ထက်စစ်ဟန်ကို ဇေလင်းမောင်အနေဖြင့် သူငယ်ချင်းအဖြစ်သတ်မှတ်ဖို့ ခက်ခဲနေပါသေးတယ်။

       ဆံပင်ကို ဆီကျော့နေအောင်လိမ်းထားပြီး လူမိုက်စတိုင် နေတတ်သော ထက်စစ်ဟန် ကို မိန်းကလေး များက အသေအလဲ ကြွေကြပြီး ယောက်ျား လေး များက ရွံ့ကြောက်ကြသည်။ ခပ်ဆိုးဆိုး စရိုက်နဲ့ နေထိုင်တတ်သော ထက်စစ်ဟန်သည် တစ်ဖက်တွင် စာကိုလည်း အသေအလဲ ကြိုးစား သည်။

  *    နွေအကုန် မိုးဥိး ရာသီသို့ ရောက်ချေ ပြီ။  ၂၀၀၄ ခုနစ် ရဲ့ စာသင်နှစ်အစ။     *

     ထက်စစ်ဟန်တတ်ခဲ့သည့်‌ေကျာင်းတွင် စာသင်ခုံတန်းများ၏ ရှေ့ဆုံးတန်း လူသွားလမ်း အနိးကခုံကိုပဲ ရအောင် ထိုင်လေ့ ရှိ့သည်။ထို့‌ ကြောင့် သူများကျောင်းပဲ ဖြစ်ဖြစ် ဘာပဲ ဖြစ်ဖြစ် ထက်စစ်ဟန် အနေနဲ့ဂရုစိုက်မှာ မဟုတ်ပဲ ရှေ့ဆုံးအလယ်တန်းကို ရအောင်ယူမည်ဖြစ်သည်။ အနုနည်းနဲ့မရရင် အကြမ်းနည်းနဲ့ယူဖို့ စဉ်းစားပြီးသားဖြစ်သဖြင့်  ထမင်းစားပြိး မှ အေးဆေးဆေး ကျောင်းသို့သွားသည်။ 

Spring Of Breeze (Completed)Where stories live. Discover now