.. ၁၇၈ ..
8.6K 967 9
《Zawgyi》
အပိုင်း - ၁၇၈
[မင်္ဂလာပွဲ - ၃]
ချင်းစုယွဲ့ရဲ့အသံကိုကြားတော့ ဝမ်ယဉ်းလင်က လှည့်ကြည့်လာကာ ပြုံးသည်။
"စုယွဲ့ နိုးပြီလား? အချိန်ကိုက်ပဲသမီး
... အန်တီစွန်းရဲ့စွပ်ပြုတ်လဲ ပြီးခါနီးပြီ ... ခဏနေရင်သောက်နော် သမီးအတွက် ကောင်းတယ်"
"ကျေးဇူးတင်ပါတယ် မာမား"
ချင်းစုယွဲ့က ပြုံးလိုက်ပြီး ချန်းစီနျန်ကို လှည့်ကြည့်တဲ့အခါမှာတော့ မကျေလည်မှုတွေ ပါဝင်နေလေသည်။
ချန်းစီနျန်က လက်ကိုသုတ်ကာ သူမနား ရောက်လာသည်။
"ကိုယ်တို့ ဒီည ကောင်းကောင်းစားရတော့မှာ ... မာမားက ဟင်းမချက်တာ နှစ်တွေအများကြီး ကြာနေပြီကွ ... ဒါပေမယ့် မင်းအတွက် အသည်းအသန် ချက်ပေးချင်နေလို့"
ချင်းစုယွဲ့က အံ့ဩသွားမိသည်။ အလုပ်အရမ်းကြိုးစားတဲ့ အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဝမ်ယဉ်းလင်မှာ ဒီလိုဘက်ခြမ်းလည်း ရှိနေလိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ထားပေ။
"သမီး ကူလုပ်ပေးပါမယ် မာမား"
"ရပါတယ်သမီးရဲ့ ဒီဟင်းပြီးရင်ရပြီ .. သမီးပင်ပန်းနေမှာပေါ့ ဧည့်ခန်းထဲမှာ သွားနေချေသွား"
ဝမ်ယဉ်းလင်ရဲ့ 'လူငယ်တွေအကြောင်း မာမားသိပါတယ်ကွယ်' ဟူသည့်အကြည့်ကြောင့် ချင်းစုယွဲ့မှာ ရှက်နေရလေသည်။
ညစာစားပြီးသွားတော့ ချင်းစုယွဲ့နှင့်ချန်းစီနျန်က အဘိုးနဲ့အတူ တီဗွီကြည့်ကြသည်။ ရုတ်တရက် ဘိုးဘိုချန်းက စစ်တုရင်ကစားဖို့ ဝါသနာပိုးထလာ၏။
"ဒီတော့ ငါ့မြေးချွေးမလေးက စစ်တုရင် ဘယ်လိုကစားရမလဲ သိသလားကွ ဟေ"
"ဘယ်လိုစစ်တုရင်မျိုးလဲ ဘိုးဘိုး တရုတ်စစ်တုရင်လား ငါးရုပ်တစ်တန်းလား"
"ဘာလို့နှစ်မျိုးလုံးမကစားရမှာလဲ?"
ချင်းစုယွဲ့က ပြန်တုံ့ပြန်လိုက်သည်။
"ဟုတ်ကဲ့ သမီး စာကြည့်ခန်းထဲက စစ်တုရင် သွားယူလိုက်ပါမယ်"
ချင်းစုယွဲ့ အပေါ်တက်သွားတော့ ဆိုဖာပေါ်မှာထိုင်နေသည့် ချန်းစီနျန်က ဘိုးဘိုးချန်းအား ကြည့်လာသည်။ သူ့အကြည့်ကတော့ ရှင်းပါသည်။