2

57 6 1
                                    

ဒီလိုပဲ ငေးမေားခြင်းမှာပဲ အသားတကျရှိနေခဲ့ဖို့ကောင်းသည်။
သို့သော် ကိုယ်သည် သူနှင့် ပတ်သတ်လျှင် ရှေ့သို့သာ ဇွတ်တိုးချင်သူ။ အဆုံးအထိ အတူနေချင်သည့် စိတ်ကူးယဥ်အိပ်မက်တစ်‌ ပွေ့တစ်ပိုက်နှင့် အခက်အခဲ ဟူသမျှကို ရင်ဆိုင်ချင်နေသူ သာဖြစ်နေသည်။
အဲ့သည့်နေ့ အိမ်‌ပြန်ရောက်ကြတော့ နှစ်ယောက်လုံး ညောင်းညာ နေကြပြီ။
ခြေလက် ရေဆေး ပြီးတော့ ခြေပစ်လက်ပစ် အိပ်ယာလေးထဲ ပစ်လှဲချလိုက်သည်။ သူပင်ပန်းနေပြီ။ ပြီးတော့ သူ့အနားလေးကို လက်ဖြင့် ပုတ်ပြသည်။ကိုယ်လည်း အနားလေးမှာ လှဲလျောင်းမိရသည်ပေါ့။

သီချင်းသံတိုးတိုးလေး တစ်ခုက လွင့်နေသေးသည်။
သူက ကျနော် အရမ်းကြိုက်တဲ့ သီချင်း ဟုဆို၍
တိုးတိုးလေး လိုက်ငြီး နေပါသေးသည်။စာသားလေးတွေ ဘယ်လောက်မိုက်လဲ ဆိုပြီး သူ့ဖုန်းလေး ဖွင့်ပြီး lyrics တွေ ပြနေသေးသည်။
သီချင်းလေး က Ed Sheeran ရဲ့  photograph..

အမှားအမှန်တွေ ခွဲခြားနိုင်စွမ်းများ ပျောက်ဆုံး သွားသော တဒင်္ဂ ကာလများ ဟုဆိုနိုင်သော အချိန်လေးတွေ ပဲ ဖြစ်သည်။
သူ့လက်ဖျံလေးကို နှုတ်ခမ်းနှင့်ဖိကပ်၍ ခိုးနမ်းမိခဲ့သည်။ဒါဟာ သီချင်းရဲ့ ဖျားယောင်းမှုေကြာင့်လည်း မဟုတ်သလို နှစ်ယောက်ထဲ ရှိနေခြင်းရဲ့  ဖျားယောင်းမှုကြောင့်လည်းမဟုတ်ပါပဲ  ကိုယ့်ချစ်ခြင်းမေတ္တာက ပွင့်လာတဲ့ ပန်းလေးတစ်ပွင့်သာ ဖြစ်ကြောင်း ကိုယ်သာ အသိဆုံးဖြစ်သည်။

ညနေခင်းဟာ ပိုလို့တောင်တိတ်ဆိပ်လာသည်။
ကိုယ်တို့ကြားက လေထုထဲတောင် ရေငွေ့လေးတွေ ပါလာသယောင် အေးစက်စက်။
အခန်းလေးထဲ ကိုယ့်အသက်ရှုသံတောင် ကိုယ်ပြန်ကြားလုနီးနီး။ ဒါပေမယ့်သီချင်းသံလေးကတိုးလျလျ ကြားနေရဆဲ။ကိုယ့်အတွက်သာ
အစစအရာရာဟာ တိတ်ဆိတ်နေတာ ဖြစ်မှာ။
မင်းမျက်လုံးတွေ လှမ်းအကဲခတ်ပြန်တော့လည်း
ကိုယ်နမ်းလိုက်တာ မသိလိုက်သယောင် မျကါလွှာချထားသလား လက်ထဲက ဖုန်းကိုပဲ စိတ်‌ဝဂ်စား နေသလား ဝေခွဲမရ။အတော်ကြာမှ နှုတ်ခမ်းတွေ လှုပ်ရှားလာသည်။

"ကျနော် ဘယ်သူ့ကိုမှ ချစ်မှာမဟုတ်ဘူး
ခင်ဗျား။ကျနော်နဲ့ ဝေးဝေး နေပါ"

ဒီလို အပြောနဲ့ ကိုက်ညီစွာ သူ့အမူအယာဟာလည်း အေးစက်မှုန်မှိုင်းစွာ။
သူဟာ သူ့ရည်မှန်းချက်တွေဆီသာ တစိုက်မက်မက်ပြေးလွှားနေချင်သူသာ။

"ချစ်ခြင်းမေတ္တာဆိုတာ လုပ်ယူဖန်တီးလို့မှမရဘဲ လင်း ရယ်
အဲ့လိုပဲ ကိုယ့်ရင်ထဲဖောက်ဖွားလာတဲ့ ချစ်ခြင်းတရားဟာလည်း ဖုံးကွယ်ဖျောက်ဖျက်ပစ်လို့မှ ကိုယ်မစွမ်းနိုင်တာ .."

ကိုယ်ပြုံးနေခဲ့တာပါပဲ။
မင်းအတွက်ပဲ ဖြစ်ဖြစ် ကိုယ့်အတွက်ပဲ ဖြစ်ဖြစ်။
ကိုယ်ပြုံးပြီး ရင်ဆိုင်မှာ။

You've reached the end of published parts.

⏰ Last updated: Sep 26, 2020 ⏰

Add this story to your Library to get notified about new parts!

Memories ❤️Where stories live. Discover now