.. ၁၇၉ ..
8.4K 947 5
《Zawgyi》
အပိုင်း - ၁၇၉
[ဘယ်သူ့ကို ဖြားယောင်းဖို့ ကြိုးစားနေတာလဲ - ၁]
သူတို့လက်ထပ်ပြီး တတိယမြောက်နေ့မှာတော့ ချန်းစီနျန်နဲ့ ချင်းစုယွဲ့တို့က သူတို့အစီအစဉ်အတိုင်း ဟန်းနီးမွန်းခရီးကို စီစဉ်ကြသည်။
ချင်းစုယွဲ့က ဒီဘက်မှာ ဘယ်နေရာတွေက နာမည်ကြီးလဲဆိုတာ မသိသဖြင့် ချန်းစီနျန်ပဲ အားလုံးစီစဉ်ပေးလေတာဖြစ်သည်။
ပင်လယ်ကြီးရဲ့ အစွန်းတစ်ဖက်မှ နေထွက်လာတာကိုကြည့်ကြသည်။ ကန့်သတ်မဲ့တဲ့ သဲကန္တာရတွေ.. နာမည်ကျော် မြင့်မားတဲ့တောင်တွေ.. ရေကြည်ကြည်တွေ... သူတို့နှစ်ဦးက လှပတဲ့ရှုခင်းတွေ အမျိုးမျိုးကို အတူတူကြည့်ရှုခဲ့ကြလေသည်။
တစ်နေ့ကုန် လျှောက်လည်ထားတာကြောင့် ပင်ပန်းနေတဲ့ ချင်းစုယွဲ့က ညရောက်ရင်လည်း သူ့ရဲ့နှောင့်ယှက်ခြင်းကို ခံရလေ၏။ ရှုခင်းတွေကြည့်ပြီး တစ်နေရာပြီးတစ်နေရာကို ကြည့်ရှုရသည်မှာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသည်ဆိုတာတော့ ချင်းစုယွဲ့က ဝန်ခံရပေမည်။
မျက်တောင်တစ်ခတ်အတွင်းမှာ အချိန်လတစ်ဝက်က ကုန်ဆုံးသွား၏။ ဒီရက်တွေမှာ သူတို့နှစ်ဦးက ကျွန်းပေါ်မှာနေဖြစ်သည်။
ကျွန်းပေါ်ရှိ ရာသီဥတုက အလွန်အေးမြလေသည်။ ဒီနှစ်ရက်အတွင်း မနက်အိပ်ရာထ ဝတ်စားပြင်ဆင်ပြီးတာနှင့် ချန်းစီနျန်က ကင်မရာတစ်လုံးလွယ်ကာ သူမရဲ့ပုံတွေကို လိုက်ရိုက်သည်။
ပြုံးနေတဲ့သူမ...
ကင်မရာကနေ ပုန်းကွယ်နေတဲ့သူမ...
နေဝင်ဆည်းဆာအောက်တွင် ငြိမ်းချမ်းစွာရပ်နေတဲ့ သူမ...
ရေဆော့နေတဲ့သူမ..
တစ်ပုံချင်းစီတိုင်းက လှပတဲ့ ပန်းချီကားတစ်ချပ်သဖွယ်ပင်ဖြစ်ကာ သူ့နှလုံးသားထဲသို့ နက်နက်ရှိုင်းရှိုင်း ရေးထိုးထားလေသည်။
္ဓဓာတ်ပုံတွေကိုကြည့်ပြီး ချန်းစီနျန်ရဲ့ နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခု ဖြစ်တည်လာသည်။ သူက အိပ်ခန်းထဲသို့ ဝင်လာကာ အဖြူရောင်စောင်ပုံထဲက အသိုက်သေးသေးလေးကို ရှာဖွေလေသည်။