မမ စေညွှန်ရာ အပိုင်း ( ၁၀ )''မိန်းမ ကိုတို့သားခွန်းကိုလွှတ်ထားလို့မရတော့ဘူး''
ဦးမင်းလွင်တစ်ယောက် ခွန်းရဲ့ မေးခွန်းများကြောင့် မနေသာတော့ပါ
''ဘာလို့လဲ ကို''
''သားကအရင်က ကား accident ရှိခဲ့လား မေးလာတယ်
ဘယ်ကဘယ်လိုသိနေလဲမသိဘူး ကို မရှိဘူးလိမ်လိုက်တယ်
ဒီတိုင်းဆက်နေရင် တစ်နေ့သားအကုန်သိသွားလိမ့်မယ်ထင်တယ် ဒီအချိန်ရောက်မှ ကိုသားကိုအဆုံးရှုံးမခံနိုင်ဘူး''''ကို ကလေးကို ကိုဖြစ်ချင်နေတာထက်
သူ့အတွက် စဉ်းစားပေးဖို့ပဲပြောချင်တယ်''''ညို့စကားကို ကိုမှတ်ထားပါ့မယ်
ကို သားကိုတော့ အန္တရာယ်အဖြစ်မခံနိုင်ဘူး
အဆုံးရှုံးလဲ မခံနိုင်ဘူး သားလေးကို ကိုအရမ်းချစ်တာ
ကို လုပ်သင့်တာလုပ်မှာပါ''-----------------------------
မောင့် လက်မောင်းလေးမှာအိပ်ပျော်နေတဲ့
မကိုကြည့်ရင်း နိုးထရတဲ့ မောင့်မနက်ခင်းလေး
က အရာရာပြည့်စုံခဲ့ပြီ မရယ်မနဖူးလေးနမ်းရင်း
''မောနင်း မ ''
''အင်းးးး ဘာလဲ မောင်က နိုးနေပြီလား
အစောကြီးရှိသေးတယ်ကွာ
ခနအိပ်ဦးမယ်လေ နော်''''မောင်သတိထားမိလာပြီထင်တယ်''
လရိပ် အိပ်ချင်မူးတူးဖြင့်
''ဘာကိုလဲ''
'' မမအိပ်ပုပ်ဆိုတာကိုလေ ''
''ဟာ မောင်နော်
မကလိုအပ်ရင် ထမှာပေါ့
အခုက လိုမှ မလိုတာ''''ဒီနေ့ မောင်သွားစရာရှိတယ် မမလိုက်ခဲ့မှာလား''
မျက်နှာလေးပွတ်ရင်း
''မောင်က ခုမှခေါင်းသက်သာကာစ
ဘယ်သွားမို့လဲ''''မောင့်မှာ မာမီ့ဘက်ကပါလာတဲ့ အဖေမတူ အမေမတူ ညီမလေးတစ်ယောက်ရှိတယ် သူက ဆရာဝန်လေ ကျောင်းတက်ပြီးပြန်လာမှာ အဲ့တာသွားကြိုမို့''
''ဟာ မောင်ကွာ အဲ့တာကို အခုမှပြောတာလား
သူကဘယ်မှာနေမှာလဲ''''လောလောဆယ် ၂ ပတ်လောက်တော့ မောင့်အိမ်မှာပဲနေမှာလေ မန်းလေးမှာတော့ မောင်တို့နဲ့ နှစ်နှစ်လောက်တော့ တူတူနေဖူးတယ် မောင်နဲ့ဒယ်ဒီ့အပေါ် ဆက်ဆံရေး မဆိုးပါဘူး''
YOU ARE READING
မမ စေညွှန်ရာ
HumorShar ရဲ့ ပထမဆုံး GL fic လေးပါ အားပေးကြပါဦးနော် Shar ရဲ့ ပထမဆုံး GL fic လေးပါ အားပေးကြပါဦးနော် ၃/၂၀၂၁