.. ၁၈၀ ..
8.4K 921 10
《Zawgyi》
အပိုင်း - ၁၈၀
[ဘယ်သူ့ကို ဖြားယောင်းဖို့ ကြိုးစားနေတာလဲ - ၂]
ချင်းစုယွဲ့က သူ့ကင်မရာမှန်ဘီလူးကို ကြည့်လိုက်သည်။ အဲဒီနောက်တော့ ကင်မရာကို လုယူတော့သည်။
"ကျွန်မလည်း ရှင့်ပုံတွေကို ရိုက်ထားချင်တယ် ... ပါပါး မာမားနဲ့ အဘိုးတို့ကိုပြဖို့"
ချန်းစီနျန်က လျင်မြန်စွာ ရှောင်လိုက်၏။
ချင်းစုယွဲ့က စိတ်ဆိုးချင်ယောင်ဆောင်လိုက်သည်။
"ချန်းစီနျန် .... ရှင်က ဒီလောက်ထိလှနေတာ မဟုတ်ဘူးလား? ကျွန်မက ပုံလေးနဲနဲလောက် ရိုက်ချင်ရုံပါ!"
ချန်းစီနျန် ရှောင်ရခြင်းရဲ့နောက်ကွယ်တွင် နက်နဲသည့် အကြောင်းရင်းတွေများစွာ ပါဝင်နေသည်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူမက ဒီလိုပဲ ဓာတ်ပုံနဲနဲလောက် ရိုက်ချင်သည်ဟု ပြောခဲ့သည်။ ဒါပေမယ့်လည်း အဆုံးတော့ သူမလက်ထဲ ကင်မရာ ရောက်သွားတဲ့အခါမှာ သူရိုက်ထားတဲ့ပုံတွေများစွာထဲက ပုံလေးနဲနဲသာ ကျန်တော့လေသည်။
ဒီအကြောင်းကို ညတော်တော်နက်ကာ ဟိုတယ်ပြန်ရောက်မှ သိခဲ့တာဖြစ်ပြီး သူမကိုမေးတော့ တီဗွီကြည့်ရင်း အသီးလေးစားရင်းနဲ့မှ ပြန်ဖြေတာက...
"ရှင်ရိုက်ထားတဲ့ပုံတွေက အရမ်းရုပ်ဆိုးလို့ ဖျက်လိုက်တာ" ဟူ၍ ဖြစ်လေသည်။
ချန်းစီနျန်က စိတ်ညစ်သွားတော့လေသည်။
သူ့ဇနီးကို သူရိုက်ပေးတဲ့ တစ်ပုံစီတိုင်းက တော်တော်လေး ကောင်းမွန်လှပတဲ့ဆိုတာ သူ ရှင်းရှင်းလင်းလင်းကြီး သိလေသည်။
သူ တော်တော်စိတ်ဆိုးသွားသဖြင့် ထိုညက ပုံမှန်ထက် အားပိုပြင်းသွားခဲ့သည်။ ထိုတစ်လျှောက်လုံး သူမက သူ့ပုခုံးကို တင်းကျပ်အောင်ဆုပ်ကိုင်ထားလျက် အရှိန်လျှော့ဖို့သာ ပြောနေခဲ့ရသည်။ အဆုံးမှာတော့ သူမက ချိုသာတဲ့စကားလုံးတွေနဲ့ ချော့မော့တော့မှ သူမအား မလွှတ်ချင်လွှတ်ချင်နဲ့ လွှတ်ပေးလေသည်။
အဲ့တာကြောင့် ချင်းစုယွဲ့ဟာ သူ့ကင်မရာနှင့် ဘယ်တော့မှ ထပ်ပြီးမကစားဖို့ သင်ခန်းစာရသွားတော့သည်။