အပိုင်း-၄

1.8K 158 26
                                    

(Unicode)

"ဒီနေ့ကစပြီး ဦးက ကျွန်တော့်အတွက်တော့ သေလူတစ်ယောက်ဖြစ်သွားပြီ ဦး!!"

ကလေးဆီကကြားလိုက်ရတဲ့စကားက နွေလယ်ခေါင်ကြီးမိုးကြိုးပစ်ချလိုက်သလိုပင်~~

ဘာတွေလဲ...ဘာအတွက်ကြောင့် ကလေးကသူ့ကိုခုလိုမျိုးပြောရတာလဲ!!

တင်းခံထားတဲ့မျက်ရည်စများသည် ဒီတစ်ခါမှာတော့သူမထိန်းချုပ်နိုင်ဘဲငိုကြွေးမိသည်။

အရင်လိုကလေးကိုပွေ့ပိုက်ပြီးရင်ခွင်ထဲထည့်ထားချင်တာပေါ့ ကလေးနဲ့အတူတူနိုးထပြီးအတူတူအိပ်စက်ချင်တာပေါ့ ကလေးလက်ကလေးကိုတွဲပြီး အတူတူလျှောက်သွားချင်တာပေါ့ ကလေးနဲ့အတူတူအကြည့်ချင်းဆုံပြီးချစ်စကားလေးတွေပြောချင်ခဲ့တာပေါ့..

အခုတော့ စည်းနဲ့ဘောင်ကြားထဲမှာ သူရုန်းမထွက်နိုင်ဖြစ်ခဲ့ရသည်။ကလေးအခုလိုစကားပြောလာချိန်မှာတော့ သူရုန်းထွက်မှဖြစ်တော့မည်။

အရာအားလုံးကိုစွန့်လွှတ်နိုင်ပေမဲ့ ကလေးကိုတော့သူမစွန့်လွှတ်နိုင်ပါ သူ့ဘဝမှာ ဒီကလေးသာလျှင်အရေးကြီးဆုံးမဟုတ်လား!!

ဒီကလေးသာမရှိခဲ့ရင် သူ့ဘဝကြီးကသေလူလိုမျိုးဖြစ်နေတော့မယ့်အခြေအနေကြီးကို သူမုန်းပါသည်။

အတွေးတွေထဲယောင်လည်လည်ဖြစ်နေသလို မျက်ရည်များကလည်းတသွင်သွင်စီးကျနေခဲ့သည်။

"Jongin သားလေး ဘာဖြစ်လို့ငိုနေရတာလဲ"

အခန်းထောင့်မှာငိုနေတဲ့သားကိုကြည့်ပြီး သူလည်းထပ်တူဝမ်းနည်းရပါသည်။ ဖခင်တစ်ယောက်ရဲ့ဝတ္တရားအတိုင်း အိမ်ထောင်ချပေးဖို့အတွက် ကလေးတွေစိတ်ကိုသေချာသတိမထားမိဘဲ သူစီစဥ်ခဲ့မိသည်။

jonginတစ်ယောက်တည်းအခုလိုမျိုးငိုနေတာမဟုတ်ဘဲ လွန်ခဲ့တဲ့၃ရက်ကလည်း ထိုနည်းတူသားငယ်လေးလည်းသူရှေ့မှာငိုနေခဲ့သည်။

"အဖေ~ဦးကဘာလို့ တခြားသူနဲ့စေ့စပ်တာလဲ"

ပုံမှန်ဆိုအိမ်ကိုတောင်ပြန်မလာတတ်တဲ့ သားငယ်က ထိုနေ့ကအပူတပြင်းသူရှေ့ကိုရောက်ချလာပြီး ငိုနေခဲ့သည်။

ကျွန်တော်ရဲ့"ဦး" (Completed)Where stories live. Discover now