BOB part-11

1.9K 194 13
                                    

BOB Part-11

ကျွန်တော်အတွက်အချစ်ဆိုတာ ဖြစ်တည်ခြင်းမရှိဘူး
ဒီလူဟာ ဒီလူကိုချစ်ရမယ် ယောကျာ်းတစ်ယောက်က မိန်းမတစ်ယောက်ကိုသာ ချစ်ရမယ် ဆိုတယ့် ဖြစ်တည်ခြင်း သတ်မှတ်ခြင်းတွေမရှိဘူး သတ်မှတ်ချက်တွေနောက်ကအတ္တတွေက သိပ်ကြောက်ဖို့ကောင်းလွန်းလို့အတ္တလွှမ်းသွားတယ့် လူက သူ့ရဲ့နှလုံးသားက အသံကိုကြားနိင်စွမ်းမရှိတတ်ကြတော့ဘူး အချစ်မှာအတ္တရောလာရင် အတ္တတွေနဲ့အချစ်က ကမ္ဘာပေါ်မှာ ခွန်အားအပြင်းဆုံးလူသတ်လက်နက် ထက်တောင်ပိုကြောက်ဖို့
ကောင်းနေပါလိမ့်မယ်
ဒါကြောင့်အသက်ရှိ စဉ်အချိန်အတွင်းတော့ နှလုံးသားရဲ့သံစဉ်ကိုနားထောင်လိုက်ပါ နားထောင်ကြည့်ပါ
ခံစားကြည့်ပါ
ပြင်ပက တီးမှုတ်တယ့် ချို အေးအေး ဆွေးမြမြ ဂီတ သံတွေက လူတွေရဲ့ စိတ်ကိုခံစားမှု့တွေ အမျိုးမျိုး ဖြစ်တည်လာအောင်လုပ်ဆောင်နိင်သလိုမျိုး နှလုံးသားက ထွက်ပေါ်လာတယ့် သံစဉ်တွေကအချစ်ကို အသွင်ဆန်းလာတတ်စေတယ် အသွင်ဆန်းလာတယ့် အချစ်ရဲ့နူးညံ့မှု့က လူတစ်ယောက်ရဲ့ အပြု အမူ အပြောအဆို ကအစ ပြောင်းလဲပစ်နိင်တယ့်အထိ ကို ခွန်အားကြီးတယ်ဆိုတာစာဖတ်သူတို့ နားလည်နိင်ကြပါစေ စစ်မှန်တယ့်အချစ်တိုင်းဟာ ခွန်အားကြီးမားကြပါတယ်
စစ်မှန်တယ့်အချစ်တိုင်းဟာ
အတ္တ တွေနည်းပါးကြတယ်
စစ်မှန်တယ့်အချစ်တိုင်းက
လူနှစ်ယောက်ဘဝကိုပေါင်းစည်းပေးပြီး
ဘဝတစ်ခု ဖြစ်တည်စေတယ်
အချစ်ဟာ ဖြစ်တည်ရာမဟုတ်ပင်မယ့် ဖြစ်တည်မှု့တွေ အတွက် အရေးကြီးတယ့်
ပေါင်းကူးတံတားလေးတစ်ခုပါ
                                      အတုလ

ကောင်လေးတစ်ယောက်ဟာ
သူ့ထက်ငယ်သော ကောင်လေးတစ်ယောက်ရဲ့ရင်ခွင်ထဲမှာ အပူအပင်မရှိ
အိပ်နေလေရဲ့ ။

ငြိမ်အေးသည်
နွေးထွေးလွန်းသည်
အပူအပင်ကင်းလွန်းသည်
ရင်ဘတ်ထဲမှထွက်ပေါ်လာသော  နှလုံးခုန်သံ တစ်စွန်းတစ်စဟာ ရင်ခွင်ထဲ ထွေးပွေ့ထားခြင်းခံထားရသော ကောင်လေးအတွက် သားချော့တေးသဖွယ်ဖြစ်နေဟန် တူပါသည်
တစ်ဖက်သောသူဟာလည်းရင်ခွင်ထဲက ကောင်လေးကို နူးညံ့စွာထွေးပွေ့ထားသလို တစ်ဖက်သောသူဟာလည်း ထွေးပွေ့ထားသော ကောင်လေး၏ ရင်ခွင်အတွင်း နှစ်ချို က်စွာအိပ်ပျော်နေလေသည်
သူတို့၂ယောက်အတွက် အိပ်မက်လေးဟာ အခုချိန် ထိ လှပနေဆဲ ဖြစ်ဟန်တူပါ သည်။

Boy Of Boy ( completed) Where stories live. Discover now