Zawgyi
တကယ်တမ်းမှာတော့ 'အဲ့တာ' ဟာ ပါတီညကတုန်းက မဖြစ်ပွားခဲ့ပါချေ။ အဲ့ညက ချုံးသာ့ဖန်းတစ်ယောက် ဗိုက်အင့်နေတာနဲ့တင် ဘာမှမလုပ်လိုက်နိုင်ဘူး။
ဒါပေမဲ့ ရက်အနည်းငယ်ကြာပြီးနောက်မှာတော့.....
ထိုညက သာမန်ညလိုပဲ.....
သူတို့နှစ်ဦး ရေမိုးချိုး ၊ စားသောက်ပြီးတော့ တုံးလုံးပက်လက်လှဲကာ ဖုန်းသုံးနေလိုက်ကြတယ်။ ကျန်းရှောင်ချီးဟာ ဟာသဗီဒီယိုတစ်ခုကြည့်နေပြီး တခွီးခွီးနဲ့အူတက်နေတယ်....ရယ်သံကအခန်းထဲ
ဘဲငါးရာအုပ် မောင်းသွင်းထားသလိုပဲ!ချုံးသာ့ဖန်း webpageတစ်ခုကို အာရုံစိုက်ဖတ်ရှုနေစဉ် ရယ်သံကြောင့် တော်တော်လေး စိတ်အနှောက်အယှက်ဖြစ်နေရတယ်။ သူုဖုန်းကိုပစ်ချလိုက်ပြီး ကျန်းရှောင်ချီးရဲ့ ပါးစပ်ကိုပိတ်ပေးဖို့ ကိုယ်ကိုကိုင်းလို့ ခေါင်းကိုငုံ့ချလိုက်တယ်။
ဒါဟာ ခြောက်သွေ့နေတဲ့ထင်းခြောက်ကို မီးစနဲ့တို့လိုက်သလိုပဲ...... တောမီးလောင်သလို ခံစားချက်တွေဟာ တဟုန်းဟုန်း တောက်လောင်လာတယ်။
နောက်တစ်နေ့မနက်မှာတော့......
ကျန်းရှောင်ချီး လေးလံနေတဲ့ မျက်ခွံတွေကို အားယူဖွင့်လို့ နိုးထလာချိန်တွင် ချုံးသာ့ဖန်း မျက်နှာကြီးက မနက်ခင်းနေရောင်နဲ့အတူ သူ့ကိုနှုတ်ဆက်နေတာ တွေ့လိုက်ရတယ်။ ချုံးသာ့ဖန်းဟာ အခုထိမျက်နှာပိုးမသေသေးဘဲ ပြုံးဖြီးဖြီးနဲ့ မျက်စိတစ်ဖက်မှိတ်ပြပြီး ချစ်စနိုးနဲ့ သူ့ကို စိုက်ကြည့်နေတယ်။"မိန်းမလေး.... နိုးလာပြီလား?" သာ့ဖန်းဟာ ပိုတိုးကပ်လိုက်ပြီး ရှောင်ချီးတစ်ကိုယ်လုံးကို သိမ်းကြုံးပွေ့ဖက်လိုက်တယ်။
"နာနေလား?""ချုံးသာ့ဖန်း မင်းလူမှဟုတ်ရဲ့လား? မနေ့ညတုန်းက မလှုပ်ပါနဲ့လို့ ငါမင်းကိုပြောတယ်လေ...မလှုပ်နဲ့လို့! မင်းနားမလည်ဘူးလား ?"
ကျန်းရှောင်ချီး ထိုလူစကားနားမလည်တဲ့အကောင်ကို ဆောင့်ကန်ဖို့ကြိုးစားလိုက်ပေမဲ့ ခြေထောက်ကကြွလို့မရဘူး။ သူ့မြီးညှောင့်ရိုးကြီးတလျှောက်လုံး နာကျင်နေပြီး အခုလှုပ်လိုက်တော့ အခြေအနေပိုဆိုးသွားတယ်။
"အာ့.....အား.... နာလိုက်တာ သေမလိုပဲ"
![](https://img.wattpad.com/cover/235027354-288-k267656.jpg)
YOU ARE READING
The Generous Poor With Really Stingy (MM Translation)
Short StoryCompleted✔✔ 📌 This is my second work of Translation.Not for money! Not my own story! I just want to share this beautiful story with my local ppl. All the credit goes to original author and publishers. If you're author or publishers and you don't l...