မောင့်မူပိုင် 34(ZawGyi&Unicode)

1.2K 177 146
                                    


ဒီနေ့လည်း ခုနစ်နာရီထိုးသည်အထိ အိမ်ပြန်မလာသေးသည့် Chanyeol ကြောင့် ဖြစ်နိုင်ရင် သူမ ထိုအိမ်သို့သာလိုက်သွားချင်တော့သည်။
မနေ့ကလေးတင် Kyungsoo နဲ့အချေအတင်စကားပြောခဲ့သေးသည်မို့ စိုးရိမ်မှုကပိုများသည်။ မတော်လို့များ ဒီအကြောင်းတွေကို ကလိမ်ကကျစ်နဲ့ Kyungsoo သာ အပိုတွေလုပ်ပြီး ပြောပြလိုက်မည်ဆိုပါက အစကတည်းကသူမဘက်ရှိမနေသော ယောကျ်ားသည် တစ်ဖက်လူနောက် ကောက်ကောက်ပါသွားတော့မည်မဟုတ်လား။ အတွေးတွေက ဂယောက်ဂယက်နဲ့ နောက်ဆုံး Kris ဆီဖုန်းဆက်ဖို့သာ စိတ်ကူးကပေါ်လာသည်။

*ကိုကို ညီမလေးကို ကူညီပါအုံး။ *

*ဘာဖြစ်လို့လဲ။ အသံတွေကတုန်နေတယ်။
Chanyeol နဲ့ပြဿနာဖြစ်ကြပြန်ပြီလား။ *

မျက်ရည်မကျရသေးတဲ့သူမက တစ်ဖက်ကအကိုရဲ့ စိုးရိမ်တကြီးမေးမြန်းမှုမှာ ကလေးလိုငိုမိသွားသည်။ စဥ်းစားကြည့်ရင် သူမဘက်က အရှုံးဖြစ်တော့မည့် အခြေနေတွေက အထင်အရှားဖြစ်နေခဲ့ပြီလေ။ ဘယ်လိုပဲနောက်ဆုတ်ခိုင်း နောက်ဆုတ်ခိုင်း လက်လျော့သွားမည့်ပုံမပေါ်တဲ့ Kyungsoo နဲ့ တဇွတ်ထိုးလုပ်မည့် သူမရဲ့ယောကျ်ား။

*မောင်က အခုထိအိမ်ပြန်မလာသေးဘူး။ Kyungsoo က လုနဲ့တွေ့တဲ့အကြောင်းတွေ ပြောလိုက်တာတော့ မဟုတ်ပါဘူးနော်။ အဲ့တာဆိုရင်တော့ ဘယ်လိုလုပ်မလဲ။ မောင်က တစ်ခါတည်းပြန်မလာတော့ရင် ဘယ်လိုလုပ်မလဲကိုကိုရဲ့။ *

*စိတ်အေးအေးထားပါအုံး လုရယ်။ Chanyeol က အခုတလော အိမ်ပြန်နောက်ကျပေမဲ့ အိမ်မှာတော့ လာအိပ်တယ်မလား။ ဒီနေ့လည်း အဲ့ဒီလိုပဲဖြစ်မှာပါ။ *

*ဒါပေမဲ့လဲ စိတ်ထဲတစ်မျိုးကြီးဖြစ်နေတယ်။ လု သူတို့နှစ်ယောက်ကို ဒီအတိုင်းအချိန်ဆွဲပြီး ကြည့်မနေချင်တော့ဘူး။ အမြန်ဆုံးဖော်ထုတ်ပြီး ခွဲမှဖြစ်မယ်။ မဟုတ်ရင် အခုအခြေနေက လုတစ်ယောက်ထဲ ကျန်ထားခဲ့တော့မဲ့အခြေနေဖြစ်နေပြီ။ *

*အန်တီကရော ဘာပြောလိုက်လဲ။ Chanyeol နဲ့ Kyungsoo က တကယ်ပဲအရင်ထဲက ပတ်သတ်မှုရှိနေခဲ့တာတဲ့လား။ *

Kris ရဲ့အမေးမှာ မနက်ကတင် ပြောပြခဲ့တဲ့ အမှန်တရားတွေကို ပြန်တွေးမိတော့ နာကျင်မှုက ရင်ဘတ်မှာဖြစ်ပေါ်သည်။ တစ်လျှောက်လုံး အလိမ်အညာခံပြီး ပေါင်းသင်းခံခဲ့ရတဲ့ဘဝက ဘယ်လောက်ထိ ဆိုးရွားနေလိုက်သလဲ။

မောင့်​မူပိုင် (Completed)Where stories live. Discover now