𝐔𝐧𝐢
"မောင်..ထတော့နော်..ဒီနေ့ရိုက်ကွင်းရှိတယ်မလား..ပွဲလည်းတက်ရမယ်ဆို..နောက်ကျနေမယ်မောင်ရဲ့.."
"ဟုတ်ပါပြီကွာ..ထမယ်နော်..ငါးမိနစ်နေရင်.."
"ဟာမရဘူးကွာ..အခုထ..."
ရီပေါ်တစ်ယောက်မထချင်ထချင်နဲ့သာဆူတူပုတ်ပုတ်ထရတော့သည်..
"ကဲ..ရပြီလား.."
"အင်းရပြီ..သွားမျက်နှာသွားသစ်..ရေချိုးလိုက်..ငယ်အောက်ထပ်မှာစောင့်နေမယ်နော်.."
"ဟုတ်ပါပြီဗျာ..မွ.."
"ဟာ..မောင်နော်.."
ပါးကိုလစ်ခနဲနမ်းသွားတာကြောင့်အရှက်ပိုရသည်...
.
."မောင်လာလေ..ဒီမှာမောင့်အကြိုက်ပြင်ထားပေးတယ်.."
"ဟာ..ဖက်ထုပ်ပြုတ်ပဲ..ဒါကြောင့်ငယ့်က်ုချစ်နေရတာ.."
"ငယ်ကပိုချစ်တာပါမောင်ရယ်..ကဲစားလ်ိုက်ဦးနော်.."
ရှောင်ကျန့်တစ်ယောက်စားမယ်လုပ်တုန်း..
တီး..တီ..
မြည်လာတဲ့ဖုန်းလေးကိုရှောင်ကျန့် တစ်ယောက်ကြည့်မဲ့အချိန်..
ရီပေါ်ကအလျင်ပဲဆွဲယူကာ..
"ဟယ်လို..အင်းခဏနော်.."
အပြင်သို့ဖုန်းပြောရန်ထွက်သွားတော့သည်..
ရှောင်ကျန့်ကတော့ထိုထမင်းဝိုင်းလေးတွင်သာကျန်ခဲ့တော့သည်..
အချိန်ကြာတော့မောင်ဟာပြန်ဝင်လာသည်..
"အော်.မောင်..ပြောပြီးပြီလား..လာထိုင်တော့လေ.."
"ငယ်..မောင်ကိစ္စပေါ်လာလ်ို့သွားတော့မယ်နော်.."
"မောင်..ဖက်ထုပ်လေးတော့.."
"မစားတော့ဘူးငယ်..မောင်အရမ်းအရေးကြီးလို့.."
ပြောပြီးတာနဲ့ချက်ချင်းပင်ပြေးထွက်သွားတော့သည်..
![](https://img.wattpad.com/cover/241691066-288-k137040.jpg)
YOU ARE READING
𝐌𝐚𝐮𝐧𝐠 . ( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 )
Fanfictionနီးသည်ဖစ်စေ..ဝေးသည်ဖစ်စေ မောင့်ရဲ့စိတ်ချမ်းသာပျော်ရွှင်ခြင်းတွေကိုဆောင်ကျဥ်းပေးနိုင်သောသူဖြစ်ပါလို၏..... Xiao Zhan I want to be the one who brings you happiness, whether you are near or far. ...