●◉✿ 3 ✿◉●

19.6K 2.1K 264
                                    

||Unicode||

" ကိုကို "

စာဖက်ခန်းထဲမှာ
Companyအတွက်စာရင်းတွေလုပ်
နေတုန်း ရောက်ချလာတဲ့ ပေါက်စ။

" ထယ် လာလေ "

အိပ်ချင်မူးတူးရုပ်လေးနဲ့
လှုပ်စိ လှုပ်စိလာနေပုံက အူယားစရာ။

နာရီကို ကြည့်လိုက်တော့ ည ၁နာရီ
တောင် ထိုးတော့မည်။

" တရေးနှိုးလာတာလား ထယ် ဘာလဲ ဗိုက်ဆာလို့လား "

" ကိုကို "

" ဟင် ?"

" ကိုကို့ ပေါင်ပေါ် ထိုင်ချင်တယ် ငယ်ငယ်ကလို"

ကြည့်ရတာ အိမ်မက််ဆိုးမက််ပုံပင်
ငယ်ငယ်က အတူတူအိပ်ဖြစ်တဲ့ရက်တွေဆို
အိမ်မက််ကြောင့် နှိုးလာတဲ့ ပေါက်စနကို
သူ့ပေါင်ပေါ်တင်ကာ ချော့သိပ်နေကျပင်။

" ဟုတ်ပြီ လာ "

လှုပ်စိ လှုပ်စိနဲ့လာပြီး သူ့ပေါင်ပေါ်
လာထိုင်ပြီး ရင်ခွင်ထဲ အတင်းတိုး၀င်
လာသည်။

ဆံပင်ကောက်ကွေးလေးတွေကို
Taehyungမသိအောင် ခိုးနမ်းမိသည်။
Strawberry shampooနံ့လေးက အမြဲသင်းနေဆဲ။

" ထယ် အဆောင်မှာတုန်းကလည်း အိမ်မက််ဆိုးမက််ရင် ဘယ်သူ့ကိုဖက်လဲ"

" TATAကို ဖက်အိပ်တာ "

TATAဆိုတာ သူ့ရဲ့ အသဲပုံခေါင်း
နှုတ်ခမ်း ထော်ထော်နဲ့ အရုပ်ကို ပြောတာဖြစ်မည်။

" အခုကျ သူ့ကို ဖက််မအိပ်ဖူးလား"

" ကိုကို ရှိနေတာဘဲကို ဘာလဲ ကိုကို က
ထယ်ဒီလို ဖက်တာ မကြိုက်လို့လားဟင်"

ရင်ခွင်ထဲကနေ puppy eyeလေးတွေနဲ့
မော့ကြည့်ကာ မေးလာတော့ ဘယ်လိုမှမနေနိုင်။

" မဟုတ်ပါဖူး ကြိုက်တာပေါ့ နောက်ပြီး
ဘယ်သူ့မှ ဒီလို မဖက်ရဖူးနော်"

" သိပါတယ် ထယ်ကလေးမဟုတ်ပါဖူး"

* ကလေးမဟုတ်လို့ စိတ်ပူတာပေါ့ အရူးလေးရဲ့*

" ကဲ ပြန်အိပ်တော့ "

" ထယ် ငြိမ်ငြိမ်လေးနေမယ်လေနော်.."

" ဟုတ်ပါပြီ ဒါဆိုလဲ "

ရင်ဘက်ပေါ်ခေါင်းမှီကာ မျက်လွှာလေးချကာ
ထိုကလေးက အိပ်ဖို့ပြင်နေသည်။
လက်တွေကလည်း မိမိခါးကိုလာဖက်ထားကာ
ပေါင်ပေါ်မှာကိုယ်လုံးလေးက ကွေးကွေးလေး

𝙱𝚊𝚋𝚢 𝚂𝚝𝚛𝚊𝚠𝚋𝚎𝚛𝚛𝚢 🍓|| Taekook ||Where stories live. Discover now