အပိုင်း (၁၀) [ Unicode Version ]

1.8K 73 2
                                    

ခြံဝန်းထဲရှိ စားပွဲခုံဝိုင်းတွင် ထိုင်နေရင်း နေ့လည်က ပြောလိုက်သည့် သွန်းလျှံ၏စကားများကို ခေတ်ယွန်းစံတစ်ယောက် တစ်လုံးချင်းစီ အဓိပ္ပါယ်ဖော်နေမိသည်။

စူးရှသည့်မျက်ဝန်းတစ်စုံက သူမ၏မျက်ဝန်းကို တည့်တည့်စိုက်​ကြည့်ရင်း ပြောလိုက်သည့် စကားလုံးများအား အချိန်အကြာကြီးစဥ်းစားခဲ့ပေမယ့် အခုချိန်ထိ နားမလည်ခဲ့ပေ။

သူဘာကိုဆိုလိုချင်နေတာပါလိမ့်။ ထားလိုက်ပါတော့ ကော်ဖီသောက်တာပဲ ကောင်းပါတယ်လေ။

အတွေးနွံထဲမှ ရုန်းထွက်လိုက်ပြီး စားပွဲပေါ်တွင် တင်ထားသည့် ကော်ဖီခွက်ကိုယူကာ တစ်ငုံသောက်လိုက်သည်။ထို့နောက် ကောင်းကင်ယံထက်တွင် တည်ရှိနေသည့် လပြည့်ဝန်းကြီးအား ငေးကြည့်နေလိုက်တော့သည်။

" တစ်ယောက်တည်းထိုင်နေရင်း ဘာတွေအတွေးလွန်နေတာလဲ အငယ် "

ခေတ်ယွန်းစံ၏ပခုံးတစ်ဖက်ပေါ်  လက်တစ်စုံလှမ်းတင်ရင်း ဘုန်းမြတ်လျှံတစ်ယောက် မေးခွန်းထုတ်လေတော့သည်။

ခေတ်ယွန်းစံလည်း ကောင်းကင်ကို မော့ကြည့်နေရာမှ သူမ၏အနောက်တွင် ရပ်နေသည့် ဘုန်းမြတ်လျှံဘက်သို့ လှည့်ကြည့်လာကာ ပြုံးပြရင်း ထိုသူ၏လက်တစ်ဖက်ကိုဆွဲယူကာ ထိုင်ခုံတွင်ထိုင်စေသည်။

" မအိပ်သေးဘူးလား ကိုဘုန်း "

" အစကတော့ အလုပ်လုပ်ပြီးရင် အိပ်တော့မလို့ဘဲ။ ဒါပေမယ့် အိပ်ခန်းထဲမှာ အငယ့်ကိုမတွေ့လို့ လိုက်ရှာရင်းနဲ့ ဒီနေရာကိုရောက်လာတာ..."

" ​ေဩာ် ..."

"ဟင် ဘယ်လိုကြီးတုန်း..."

"ဟင့်အင်း ဘာမှမဟုတ်ဘူး။"

_______________________________________
အချိန်အတော်ကြာသည်အထိ ဘုန်းမြတ်လျှံတို့နှစ်ယောက်လုံး စကားမပြောဖြစ်ဘဲ ကောင်းကင်ယံတွင် လှပတင့်တယ်စွာ သာနေသည့် လမင်းကြီးအား ငြိမ်သက်စွာငေးနေမိတော့သည်။

မိုးအကုန် ဆောင်းအကူးဖြစ်တာကြောင့် အေးစိမ့်စိမ့် လေညင်းလေးများက ခပ်ဖြေးဖြေးလေးသာ တိုက်ခတ်နေလျက်ရှိသည်။

First Love ( Normal Story Completed) Where stories live. Discover now