Part(7) U

98 7 0
                                    

ဆွဲလက်စ ပန်းချီကားကို သူ လက်စသတ်ဖို့ ကြိုးစားနေမိသည်မှာ အကြိမ်ကြိမ် အခါအခါ။ သို့သော် စုတ်တံကိုတော့ အခုချိန်အထိ နေရာ မရွှေ့မိသေး။

ကြွေကျနေသည့် မက်မွန်ပန်းပွင့်တွေကြားက အဖြူရောင်နတ်သားလေး။

ဟုတ်တယ် အဖြူရောင်နတ်သားလေး။

စိတ်ဝင်စားစရာဟူသည် မျက်စိရှေ့က ကင်းဗတ်စ်စရယ် စုတ်တံတွေရယ် ဆေးတွေရယ်ကလွဲ တခြားမရှိတဲ့ သူ့ဘဝထဲကို စိတ်ဝင်စားဖွယ်ကောင်းတဲ့ အဖြစ်အပျက်တွေနဲ့ ရောက်လာတဲ့ကောင်လေး။

နောက် သူ့ရဲ့ စိတ်အာရုံအားလုံးကို ဖမ်းဆုပ်ထားနိုင်တဲ့ ကောင်လေး။

ဒီကောင်လေးဟာ သိပ်ကို ထူးဆန်းလွန်းသည်။

အဖြူရောင်...

အရောင်တွေထဲမှာ စွန်းထင်းလွယ်သည်ဟု သတ်မှတ်ထားသည့် အရောင်။ သို့အတွက် သူ မကြိုက်ပေ။

ဒါပေမယ့် ကောင်လေးကတော့ အဖြူရောင်တွေနဲ့ သိပ်လိုက်ဖက်လွန်းကာ အရောင်ခြယ်ဖို့ပင် မဝံ့မရဲဖြစ်ရသည်အထိ။

ဒေါက်...ဒေါက်

ဆေးသောက်ရမယ့်အချိန် ရောက်ပြီထင်ပါရဲ့။

ကင်းဗတ်စ်စပေါ် ပိတ်စအုပ်ကာ အခန်းတံခါးကို သွားဖွင့်ပေးလိုက်တော့

"အော် မင်းလာပို့ပေးတာလား"

ညစာဆင်းစားရင်း အပေါ်ထပ်တက်ပြီး ရေသွားပို့မယ့်အကြောင်း ပြောသံကြားပြီး သူယူသွားပေးမည်ဟုဆိုကာ ယူလာခဲ့ခြင်းဖြစ်သည်။

"ခင်ဗျား ညစာ မစားဘူးလား"

အခန်းတံခါးဝမှာတင် ပိတ်ရပ်ကာ ယူလာတဲ့ရေခွက်ကို လက်လွှဲယူလိုက်တာကြောင့် လက်ထဲထည့်ပေးလိုက်မိသည်။

"အင်း...ငါက ညလယ်စာပဲ စားဖြစ်တာ မင်းရော အနာက သက်သာရဲ့လား"

နဖူးထိပ်ဆီက နီရဲရဲလေးကျန်သေးတာကြောင့် လှမ်းကိုင်ကြည့်ဖို့ ကြိုးစားပေမယ့် မကြိုက်ဘူးထင်ပါရဲ့။သူ လက်လှမ်းတာနဲ့ ကိုယ်ကို နောက်ယို့သွားတာကြောင့် လက်ကို ပြန်ရုတ်လိုက်မိသည်။

UncoverWhere stories live. Discover now