Chapter 3 💙

1K 78 2
                                    

Unicode

Mewအခန်းထဲဝင်လိုက်ပြီး အိတ်ကိုပစ်ချလိုက်တယ်။Mai နဲ့ညစာစားပြီး​​ပျော်ပျော်ရွှင်ရွှင်ပြန်လာကာရှိသေးဒါကဘယ်လိုကံဆိုးမှုမျိုးလဲ တော်တော်စိတ်ပျက်ဖို့ကောင်းတာက ယူရမဲ့သူကမိန်းမတစ်ယောက်တောင်ဟုတ်မနေတာကိုပဲ gayလားတစ်ဖက်လူက ပြီးတော့ ကိုယ်တိုင်ကယောက်ျားလေးတစ်ယောက်မို့ နောက်ထပ်ယောက်ျားတစ်ယောက်ကိုချစ်နို်င်ပါ့မလား။ မဖြစ်နိုင်ဘူး။ ဒီထက်ပိုမဖြစ်နိုင်တာက သူMaiနဲ့မခွဲနိုင်ဘူး။

"ဒေါက် ဒေါက် ဒေါက်"

တံခါးခေါက်သံကြားတော့ Maeလိုက်လာတယ်ဆိုတာMewသိလိုက်တာမို့ Maeကိုတံခါးသွားဖွင့်ပေးလိုက်တယ်။

"သားလေး Mae စကားနည်းနည်းပြောမယ်နော် ရလားသား"

"ဟုတ် Maeရပါတယ် ပြောပါ"

"သားအခု သားဖေဖေပြောလိုက်တာကိုစိတ်ထဲဘဝင်မကျဖြစ်သွားမယ်ဆိုတာ Maeသိတယ် ဒါပေမယ့် Maeလဲသားဖေဖေပြောသလိုပဲ ဖြစ်စေချင်တယ်သား"

"MaeကပါDaddyဘက်ကလား ဖြစ်နိုင်တာကိုစဥ်းစားကြည့်ပါအုံးMaeရဲ့ သားယောက်ျားယူရမှာတဲ့လား"

"သားအဲ့ကလေးကိုမတွေ့ကြည့်ဖူးသေးလို့ပါ အဲ့ကလေးကကောင်မလေးတွေထပ်တောင်လှသေးတာ ပြီးတော့Mayတို့မိသားစုဆိုတာ"

"သားတို့ကိုကယ်တင်ခဲ့ကျေးဇူးရှင် သားကိုဘယ်လိုချစ်ခဲ့တာဖြစ်ကြောင်းပြောအုံးမလို့လား"

Maeရီလိုက်မိတယ်။သားကသူပြောမှာတွေကိုအကုန်သိနှင့်နေလို့လေ။

"ဟုတ်တယ်သားလေးရဲ့ အဲပြီးတော့သားကိုMayမြင်ရင်သူသိပ်ဝမ်းသာမှာ အဲ့တော့သားဖေဖေနဲ့လဲအတိုက်အခံမဖြစ်အောင် အရင်ဆုံးသွားတွေ့ကြည့်လိုက်လေနော် သား"

Mewမငြင်းနိုင်တော့ဘူး Daddyကအမြဲလိုလိုဆူပူပြီးပြောတတ်ပေမယ့် Maeကတော့မတူ အမြဲလိုလိုတရားရေအေးတိုက်ကျွေးသလိုအေးအေးလေးနဲ့လက်ခံလာအောင်သာပြောတတ်သည်မို့ Mewခေါင်းငြိမ့်လိုက်ရတော့သည်။ ဒါဆိုMaiကို ဘယ်လိုလုပ်ရပါ့မလဲ Mewအိပ်ရာထဲလူးလိမ့်ရင်အတွေးပေါင်းများစွာနဲ့ တစ်ညတာကုန်ဆုံးခဲ့တယ်။

We Got Married Nơi câu chuyện tồn tại. Hãy khám phá bây giờ