💜Part 1💜Unicode

1.7K 63 3
                                    

ခန့်ပြည့်ပိုင်....

တောင်ကြီးမြို့မှာ ကိုယ်ပိုင်စားသောက်ဆိုင်လေး ဖွင့်ထားတဲ့
ဦးမင်းခန့် နဲ့ ဒေါ်ဇာခြည်တို့ရဲ့ သားငယ်လေး သူ့ရဲ့ တစ်ဦးတည်းသော
အစ်မနာမည်က ခင်ရတနာတဲ့
တစ်မိသားစုလုံးက အငယ်ဆုံးလေးဖြစ်တဲ့ ခန့်ပြည့်ပိုင်ကို သည်းသည်းလှုပ်ချစ်ကြသည်။ မိသားစုတင်မက အိမ်နီးနားချင်းများကပါ ခန့်ပြည့်ပိုင်လေးကို အတော်ချစ်ကြသည်။လူတကာကို ကူညီတတ်တဲ့ စိတ်ထားလေးရှိပြီး သဘောကောင်းတဲ့ ကောင်လေးတစ်ယောက်ပင်။

ခန့်ပြည့်ပိုင်ကို လူတိုင်းက အပြည့်လေး ဟူ၍ခေါ်ဝေါ်ကြသည်။ ခန့်ပြည့်ပိုင်သည် ထိုသို့ခေါ်သည်ကို မိန်းမဆန်လွန်း၍ မကြိုက် သို့သော်လည်း ငယ်ကတည်းက ခေါ်လာသော နာမည်ဖြစ်၍ ထိုနာမည်ကိုသာ ပါးစပ်စွဲနေကြသောကြောင့် သူလည်း အပြည့်လေး ဟူသော နာမည်နဲ့ ရင်းနှီး ကျွမ်းဝင်ခဲ့သည်။

ငယ်ကတည်းက အိမ်ဆောက်ရတာကို ကြိုက်သော ခန့်ပြည့်ပိုင်သည်
ဆယ်တန်းအောင် ပြီးတော့
နည်းပညာCivil major တက်ရန် ဆုံးဖြတ်ခဲ့သည်။ ဦးမင်းခန့်ကရော
ဒေါ်ဇာခြည်ကပါ သူတို့သားဝါသနာကို အလေးထားပြီး ခွင့်ပြုပေးသည်။ အမဖြစ်သူက အဝေးသင်တက်နေပြီး ဆိုင်ကို ဦးစီးဦးဆောင် လုပ်နေသောကြောင့် စီးပွါးရေးမှ အတော်အတန် အဆင်ပြေသည်။

နည်းပညာတက္ကသိုလ် မန္တလေးကို တက်ရောက်ရန် ရွေးချယ်ခဲ့သည်။
ငယ်စဥ်ကတည်းက အိမ်နဲ့တခါမှ မခွဲဖူး၍ တယောက်တည်း ကျောင်းသွားတက်ရမှာ ခန့်ပြည့်ပိုင် စိတ်ထဲ နဲနဲတော့ လန့်နေမိသည်။ သို့ပေမဲ့ အလုပ်အကိုင်အခွင့်အလမ်းကောင်းတဲ့ မန္တလေးမှာ သူတက်ချင်သည်။ ဒါကြောင့် ဖြစ်အောင်သွားမည်ဟု ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

Time skip...

မန္တလေးမြို့သို့ ဦးမင်းခန့် လိုက်ပို့သည်။ အပြည့်လေး မေမေနဲ့ မမက ဆိုင်ကို ကြည့်ရန် နေခဲ့သည်။ ဦးမင်းခန့်သည် လွတ်လပ်မှုကို ကြိုက်တဲ့သူ ဖြစ်တဲ့အတွက် သူ့သားကို အပြင်ဆောင်မှာ နေစေသည်။

"သားရေ အဆောင်က နှစ်ယောက်တစ်ခန်းသုံးရမယ်တဲ့ သားအဆင်ပြေလား "

Friendzone⚽🤼‍♂️ ( Uni+Zaw )Where stories live. Discover now