#Zawgyi
ရှောင်းကျန့်ရိပေါ် ပြောလိုက်တဲ့စကားကြောင့် ဆွံ့အံ့သွားသည် ဘာတဲ့"အဆိပ်သောက်ပြိုင်မယ်"တဲ့ ဝက်ပေါက်လေးရေ မင်းကိုယ်မင်း မသေမျိုးများထင်နေတာလား အကယ်၍ သောက်ပြိုင်မယ်ဆို ကိုယ်သေရင် ဘာမှ မဖြစ်ဘူး မင်းသေရင် ဒီကကောကောက မခံစားနိုင်လို့ပါ ရင်ကွဲရချည်ရဲ့
ငယ်လေးကိုအားပေးဖို့ စင်အောက်မှာ ထိုင်နေတဲ့ ကျိုးချန်နဲ့ ဟောက်ရွမ်းကလည်း ငယ်လေးရဲ့"အဆိပ်သောက်ပြိုင်မယ်"ဆိုတဲ့စကားကြောင့် မျက်လုံး၎လုံးပြူးရသည်ုပြိုင်မယ်ပဲ ထားပါဦး သောက်လိုက်လို့ အိမ်ရှေ့စံတစ်ခုခုဖြစ်သွားရင် သူတို့တွေနဲ့ အမှုပတ်မှာပေါ့ ဒါကြောင့်
"ငယ်လေး မဟုတ်တာတွေ ပြောမနေနဲ့ တိုက်မယ်ဆိုလည်းတိုက် မတိုက်ဘူးဆိုလည်း အရှုံးပေးလိုက်"
ကျိုးကောရဲ့ အရှုံးပေးလိုက်ဆိုသော စကားကြောင့် ရိပေါ် ကျိုးကောနဲ့ ရွမ်းကောကို ထိုးပစ်လိုက်သည်
မျက်စောင်းနဲ့"ဒီမှာ အိမ်ရှေ့စံ ခင်ဗျားပြိုင်မလား မပြိုင်ဘူးလား"
"ဝက်ပေါက်ရေ နှစ်ယောက်စလုံး နတ်ရွာစံနေဦးမယ် အခြားဟာပြော"
"ဒါဆိုလည်း မြှားပစ်ပြိုင်ကြမယ်"
"အဲ့ဒါက သိုင်းမှမဟုတ်တာ တခြားဟာပြော"
"ကျစ် ကျတော်က မြှားပဲ ပြိုင်ပစ်ချင်တာ"
နှုတ်ခမ်းလုံးလုံးလေးတွေ ကော့လှန်အောင် ပြောနေတဲ့ ဖြူလုံးလေးကို ရှောင်းကျန့် ဖျစ်ညစ်ချင်စိတ်တအား ဖြစ်လာသည် ဒီလောက်မြှားပစ်တော်တဲ့သူနဲ့ ပြိုင်ရင်သေချာပေါ့သူရှုံးမှာပေါ့ သူရှုံးရင် ဝက်ပေါက်လးကို မတွေ့ရတော့ဘူးပေါ့
"ကောင်းပီ ဒီလိုလုပ် ကိုယ်တော့်ခေါင်းပေါ်ကနေ မက်မွန်သီးထားမယ် မင်းကမျက်လုံးကို ပုဝါနဲ့စည်းပီး ကိုယ်တော့်ခေါင်းပေါ်က မက်မွန်သီးကို မြေပြင်ပေါ်ကနေ ကျအောင် ပစ်ရမယ် ဘယ်လိုလဲ"
"အဟက် စိန်လိုက်လေ ဒီလောက်လေးကတော့ ထမင်းစား ရေသောက်ပဲ"
ဝက်ပေါက်လေးကတော့ အိမ်ရှေ့စံရဲ့ ဘယ်လိုလူလည်ကျမှာကိုတော့ မသိရှာပါ ဝက်ပေါက်လေးအစ်ကိုနှစ်ယောက်ကတော့ ဝမ်းသားလို့တပြုံးပြုံး