Fall for Witch pt.1(Unicode)

1.1K 58 8
                                    

" လူတော်တော်များက အဲ့အရှေ့တောင်ဘက်ထဲက တောနက်ကြီးထဲကို ဝင်သွားမိပြီဆိုရင် ပြန်မလာကြတော့ဘူး.... "

" ဘာဖြစ်လို့လဲ ဖိုးဖိုး.... "

" အဲ့တောနက်ထဲမှာ အရမ်းကိုဆိုးဝါးရိုင်းစိုင်းတဲ့စုန်းတွေရှိတယ်...... "

" ...စုန်းတွေတကယ်ရှိတယ်ဆိုတာ
ဟုတ်လို့လား ကျွန်တော်တော့မယုံဘူး.... "

" မရှိဘူး ရှိတယ်လို့ ဖိုးဖိုးလဲပြောမတတ်ဘူး
ဒါပေမယ့် လွန်ခဲ့တဲ့ ၆ နှစ်လောက်က အဲ့လိုတွေစပြီး ဖြစ်ပျက်လာတာ....တောင်ပိုင်းက သူဌေးကြီး
ရဲ့ အိမ်စေတစ်ယောက်ဆို ထင်းသွားခုတ်ပြီး
ပြန်မလာတော့တာ အခုထိဘဲ Jeongguk.... "

"အဲ့လိုမျိုးတွေတော့ ကျွန်တော်ကြားဖူးတယ်.....အဲ့တောနက်ကြီးထဲမှာ လူတွေပျောက်သွားတာလဲကြားဖူးတယ်.....
ဒါပေမယ့် ဖိုးဖိုး...တောရိုင်းတိရစ္ဆာန်တွေကြောင့် သေသွားတာလဲမဖြစ်နိုင်ဘူးလား"

" အင်း...အဲ့လိုလဲ ပြောလို့ရပေမယ့်....."

" ယုံတမ်းပုံပြင်တွေပါ ဖိုးဖိုးရာ.... "

" အင်း ငါ့မြေးမယုံဘူးဆိုလဲ သဘောပါ.....
ဒါပေမယ့်...V onysus ဆိုတဲ့ စုန်း.... "

ထိုစဉ်....

" ဟဲ့...JEON JEONGGUK!!!!!!!
အားနေ အလေဘဲလိုက်နေ.....
နင့်ကို ငါခိုင်းထားတာတွေလုပ်ပြီးပြီလား.... "

အိမ်ရှင် အမျိုးသမီးကြီးရဲ့ အော်သံကြီးကြောင့်လန့်ဖြန့်ကာ အဖိုးအိုရဲ့ တဲအိမ်စုတ်လေးထဲမှအလျင်မြန်ပင် ပြေးထွက်လာ၍.....

" ဟို....ဟို...တောင်းပန်ပါတယ်
ကျွန်တော် ဖိုးဖိုးအတွက် ရေခပ်... "

" ဟဲ့ နင့်ကို အလကားတင်ကျွေးထားတာ ငါလား အဲ့အဖိုးကြီးလား ဟမ်? "

ဘယ်လိုဘဲ ပိုက်ဆံချမ်းသာနေပါစေ ကိုယ့်ထက်အသက်ကြီးတဲ့သူကိုတော့ ဒီလိုမပြောဆိုသင့်ပေ။ ဒီချိန်မှာ သူကဘာတတ်နိုင်မှာလဲ။ အံကိုသာကြိတ်ရင်း...

" သခင်မတို့ပါ... "

" အေ အဲ့ဒါဆို လုပ်စရာရှိတာ သွားလုပ်တော့
ငါ့သား ရေချိုးဖို့နောက်ကျလိမ့်မယ်... "

Taekook Short StoriesWhere stories live. Discover now