Part 10

1.6K 177 15
                                    

Unicode

"ဒါဆို အခု နင်က Lisaနဲ့ အတူနေနေတယ်လို့ ငါ့ကိုပြောတာပေါ့နော် "

Ros ကို စိုက်ကြည့်ပြီး Jennie မေးလိုက်သည်

"ဟုတ်တယ်လို့ ဒါနဲ့ဆို ငါ ဖြေတာ လေးကြိမ်ရှိနေပြီနော် "

"Ok ပြီးတော့ သူက နင့်ရဲ့ Secret Guardian ဟုတ်တယ်ပေါ့ "

"Ash "

Ros တစ်ယောက် Jennieကို တစ်ကယ်စိတ်မရှည်တော့ပေ.... ကျောင်းကိုစရောက်ကတည်းက Lisaနဲ့ အတူနေကြောင်း ပြောနေတာကို အခုထိ အဲ့နှစ်မျိုးကို မေးလို့ မပြီးနိုင်ပေ

"ဟုတ်ပါတယ်ဆိုဟယ် "

"ဒါနဲ့ Lisaနဲ့ အတူနေရတာ ဘယ်လိုလည်း အာ ငါမေးချင်တာက တစ်ခုခုဖြစ်သွားသေးလားလို့ "

Jennieတို့ စကားဝိုင်းထဲ Yeriပါ ရောက်လာပြီး မေးလိုက်သည်

"ဘာကိုလည်း ငါ နားမလည်ဘူး "

Yeri မေးခွန်းကို Ros နားမလည်သောကြောင့် Jennie ရယ်ပြီး

"သွားမေးမနေနဲ့ သူက Innocent လေး ဟဲ့ "

"Awww တစ်ခုခုဖြစ်သွားလားဆိုတော့ ဘာမှမဖြစ်ပါဘူးဟယ် "

"သေချာလို့လား Dramaကားထဲကလိုလေ flirt တာတို့ ဘာတို့ "

Yeri ထပ်မေးတော့ Ros ခေါင်းခါပြသည်

"ကြည့်ရတာ Lisaက အိမ်ဖော်လိုချင်လို့ Ros ကို အကြွေးနဲ့ သိမ်းသွားတာထင်တယ် "

Jennie ပြောင်ချော်ချော်လုပ်ပြီး ပြောလိုက်သည်

"မဟုတ်ပါဘူးဟယ် "

Yeri ခေါင်းခါပြီး ဝင်ပြောလိုက်သည်

"ဘာဖြစ်ဖြစ် ညနေ ကျောင်းဆင်းရင် တစ်ယောက်ယောက်က ငါ့ကို လာကြိုမယ်လို့ Lisaက ပြောတယ် ပြီးရင် သူ့ companyကို လာရမယ်တဲ့ "

"ဘာလို့လည်း "

"သူက တခြားသူတွေနဲ့ အပြင်ထွက်တာ မကြိုက်လို့တဲ့ ...ဒီနေ့တစ်နေ့ကို ငါနဲ့အတူ ရှိချင်တယ်ပြောတာဘဲ "

Ros က အေးဆေးလေးပြောနေပေမယ့် Jenriကတော့ Rosကို စိုက်ကြည့်နေကြသည်

"ကဲ အတန်းချိန်နီးပြီ သွားကြစို့ "

Ros အတန်းနောက်ကျမှာ စိုးလို့ ကန်တင်းက ထွက်လာသည်

Secret GuardianWhere stories live. Discover now