◀08 - Z▶

4 0 0
                                    

"ဖိုးဝ... ငါမင်းကိုအရမ်းချစ်တယ်"

"ဟင့်အင်း... မသွားနဲ့... မသွားပါနဲ့... ညီနောင်"

အသံကုန်ဟစ်အော်လိုက်ပြီး နိုးထလာတဲ့အချိန်မှာ စားပွဲတင်နာရီက မနက် ၃နာရီခွဲကို ပြသနေတယ်။ မျက်နှာပေါ်ကချွေးတွေကို ညဝတ်အင်္ကျီလက်နဲ့ ပွတ်သုတ်လုက်ပြီးမှ ကုတင်ဘေးမှကပ်ချထားတဲ့ ရေခဲ့သေတ္တာအပုလေးထဲက ရေအေးတစ်ပုလင်းကို ထုတ်မော့လိုက်တဲ့ ဝသုန်။

ကြာခဲ့ပြီ။ သူညီနောင့်ကို တစ်ရက်မှမမေ့နိုင်ခဲ့ပေမယ့် အိပ်မက်ထဲကနာကျင်မှုမျိုး မခံစားရတော့တာ ကြာခဲ့ပြီပဲ။ ဘာလို့ခုမှလဲ။

"ငါ တခြားတစ်ယောက်ကို ချစ်မိသွားမှာစိုးလို့လား ညီရာ"

ဘယ်သူမှမရှိမှန်းသိလျက်နဲ့တောင် သူ့ပါးစပ်က ထုတ်ညည်မိတဲ့အထိ သူ့စိတ်တွေဝေဝါးနေခဲ့တာပါ။

ညိုညီညာ။
အဲ့ဒီကောင်လေး သူ့အနားကိုရောက်လာကတည်းက အနည်ထိုင်နေတဲ့သူ့ဘဝကြီးက တဖြည်းဖြည်းချင်း လှုပ်ရှားလာခဲ့တယ်။ သူဘယ်လိုလုပ်ရပါ့မလဲ။

ညီနောင်ဆုံးပြီး ခြောက်နှစ်ပြည့်တဲ့နေ့မှာပဲ နှစ်ဖက်မိဘတွေနဲ့အတိုက်အခံလုပ်ပြီး သမီးကိုမွေးစားခဲ့တယ်။ ရာထူးတက်ခါစ ဝန်ထမ်းလူငယ်လေးက ကျောင်းတက်ခါစ ကလေးမပေါက်စလေးကို ပြန်တာဝန်ယူနေရတဲ့အခါ အသည်းကွဲတဲ့ဒဏ်ရာကို သေချာခံစားဖို့ အချိန်သိပ်မရခဲ့ဘူး။

အရင်ကလို ပိုက်ဆံရှာပေးမယ့် ညီနောင်မရှိတော့ သမီးလေးအတွက် ဂုဏ်ရောငွေရောပံ့ပိုးပေးနိုင်ဖို့က သူတစ်ယောက်တည်းရဲ့တာဝန်ဖြစ်လာခဲ့တယ်။ အဲ့ဒါကြောင့် ကုမ္ပဏီစရိတ်နဲ့ ဘွဲ့လွန်ဆက်သင်ခွင့်ရတဲ့အခါမှာ သူမငြင်းဆန်နိုင်ခဲ့ပါ။

သူနိုင်ငံရပ်ခြားရောက်နေတဲ့အချိန်မှာတော့ သမီးလေးက ညီနောင်တို့အိမ်မှာနေပြီး ကျောင်းတက်ရရှာတယ်။ ညီနောင့်မိဘတွေအတွက်လည်း စိတ်ပြေစေတဲ့ အားဆေးလေးဖြစ်ပေါ့။

သူပြန်လာနိုင်တဲ့အချိန်မှာတော့ သမီးလေးက ၁၁-နှစ်ကျော်၊ သူကိုယ်တိုင်က ၃၂-နှစ်ထဲရောက်နေပြီ။ အဖေလည်းဆုံးသွားပြီမို့လို့ အတူ​နေဖို့ မသင့်တော်ဘူးဆိုတဲ့ခေါင်းစဉ်နဲ့ ညီနောင့်မိဘတွေက သမီးကိုအပြီးပြန်မွေးစားဖို့ ကြိုးစားခဲ့ကြသေးတယ်။

နေဝင်ချိန်ကိုကျော်လွန်၍Where stories live. Discover now