Part.1[uni+zawgyi]

25.3K 1.1K 45
                                    

Unicode

Jungkookက သာမာန်မိသားစုမှာမွေးဖွားလာတဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက်။
ဖေဖေက အလတ်တန်းစား ကုမ္မဏီတစ်ခုမှာအလုပ်လုပ်ပြီး မေမေက မူလတန်းပြကျောင်းဆရာမ။

မိဘရဲ့သွန်သင်ဆုံးမမှုတွေနဲ့ ကြီးပျင်းလာတဲ့ တစ်ဦးတည်းသောသားလေး Jungkookက ဘာသာရေးလည်းတအားကိုင်းရှိုင်းသလို လူကြီးတွေအပေါ်လည်း ရိုရိုကျိုးကျိုးပဲ။

ပေါင်းသင်းဆက်ဆံရေးကောင်းလှတဲ့ ကောင်လေးတစ်ယောက်လည်းဖြစ်တာမို့ အတန်းခေါင်းဆောင်လေးလည်းဖြစ်ပြန်တယ်။ စိတ်ညစ်စရာ စိတ်ရှုပ်စရာရယ်လို့ များများစားစားမရှိလှဘူး။

Jungkookအနေနဲ့ ငိုဖူးတာဆိုလို့်နှစ်ခါလားပဲရှိတယ်။
သူချစ်ရတဲ့ခွေးလေးသေသွားတုန်းကတစ်ခါ။
အလယ်တန်းနောက်ဆုံးနှစ် လပတ်စာမေးပွဲကျတုန်းကတစ်ခါ။

ဒီလိုရိုးရိုးရှင်းရှင်းလေး ဖြတ်သန်းနေတဲ့သူ့ဘဝက လူတစ်ယောက်ကြောင့်ပြောင်းလဲသွားလိမ့်မယ်လို့ တစ်ခါမှမတွေးဖူးသေးဘူး။

တနင်္ဂနွေနေ့တိုင်း သူတို့အိမ်နားက ဘုရားကျောင်းလေးမှာ ဘုရားဝတ်ပြုရင်း ကျောင်းအနီးနားက ကလေးတွေနဲ့ဆော့လို့ သူ့ရဲ့အချိန်တွေကိုကုန်ဆုံးလေ့ရှိတတ်တယ်။

အဲ့နေက သူဆော့နေကျ ကလေးလေး ဂယောင်းမင်ရဲ့မွေးနေ့ပွဲကို ဆင်နွှဲရင်း ညတော်တော်ညဥ့်နက်တော့မှပဲ အိမ်ပြန်လာဖြစ်တယ်။

အိမ်ပြန်လမ်းတစ်လျှောက်မှာ တရှပ်ရှပ်နဲ့ သူ့အနောက်ကပ်လျက်က ခြေသံတွေကြားရတယ်။ နဂိုကတည်းက သရဲကြောက်တတ်တဲ့သူမဟုတ်ပေမဲ့လည်း ညဘက်ကြီးဆိုတဲ့အတွေးကြောင့် ခြေလှမ်းတွေကိုအရှိန်တင်ရတော့တယ်။

"ချာတိတ်"

အရှိန်မြှင့်ထားတဲ့ သူခြေလှမ်းတွေနောက်ထပ်ကြပ်မခွာလိုက်နေပြီး ကြားရတဲ့ အသံအက်ရှရှ။
ဒါဆိုရင်တော့ လူပဲ။

ခေါင်းလေးနောက်လှည့်ကြည့်မိတော့ ခြံနံရံကိုမှီရပ်နေပြီး သူ့ကိုမမှိတ်မသုန်စိုက်ကြည့်နေတဲ့ လူကြီးတစ်ယောက်။

လှိုင်းတွန့်ဆံပင် ရွှေအိုရောင်ကို နဖူးလေးကိုဖော်လို့ထားတဲ့ ခပ်မိုက်မိုက်လူကြီး။ အနက်ရောင်Jeansဝမ်းဆက်ကိုမှ ဘောင်းဘီမှာ ဖြဲထားပြီး ကွင်းတွေနဲ့ရှုပ်ရှက်ခတ်နေတယ်။

Stawberries&Cigarettes (Completed) Where stories live. Discover now