Part.16[uni+zawgyi]

6.8K 634 86
                                    

Unicode

အီတလီရောက်လာတဲ့လေးဆယ့်ငါးရက်လုံးလုံး lobbyမှာပဲ အလုပ်တွေအပြီးလုပ်တဲ့ ပန်ချီဆရာVanteက ဒီရက်ပိုင်းအကျင့်တွေပျက်လာတယ်။ တော်ရုံအရေးမကြီးတဲ့ကိစ္စတွေဆို မန်နေဂျာနဲ့ပဲထားခဲ့ပြီး အရေးကြီးတဲ့အလုပ်တွေကိုလည်း အိမ်ကိုသယ်သယ်သွားတယ်။

အခုလည်းစာတိုက်ကိုပို့ရမယ့်ပန်ချီကို အိမ်အထိယူသွားပြန်တယ်။Dead lineကနောက်နေ့မို့ ဒီညမှပြီးပါမလားဆိုပြီး မန်နေဂျာကခေါင်းမွှေးတွေဖြူလောက်အောင် စိုးရိမ်ပေမယ့် အကြောက်အလန့်တစ်စက်ကလေးမှမရှိတာက Mr.Vante။

ပြောကြတာက Artistမကောင်း မန်နေဂျာခေါင်းတဲ့။ဘုန်းကြီးအမှုရွာပတ်ဆိုသလို Artist အမှုမန်နေဂျာပတ်ရတဲ့အဖြစ်။

စာတိုက်ကနေ တပွမ်ပွမ်ဖုန်းဆက်ပြီး ပန်ချီကားမရောက်သေးဘူးလား မရောက်သေးဘူးလားချည်းမေးနေပေမယ့် ကာယကံရှင်က သူ့ခွန်ပွန်းလေးနဲ့အလည်အပတ်မပျက်။ အလုပ်ကိစ္စလာတာကို ဟန်နီးမွန်းထွက်လာတယ်များထင်နေသလား မှတ်ရတယ်။

"Vante မနက်ဖြန်Dead lineနော် သောက်ပျင်းတစ်မနေနဲ့ ပုံဆွဲပါတော့ဟ"

"ကျွန်တော်သိပါတယ် Benရာ ပွစိပွစိနဲ့လိုက်ပြောမနေပါနဲ့တော့လား"

တီဗီကြည့်နေတဲ့ ခင်ပွန်းလေးကိုပွေ့ပိုက်နေရအောင် ဟိုကသုံးလသားလေးလည်းမဟုတ်ဘူးလေ။ သူ့ဟာသူတီဗီကြည့် ကိုယ့်ဟာကိုယ်ပုံဆွဲစရာရှိတာ ဆွဲပေါ့။ Benက ခုနှစ်နှစ်လုံးသာ အလုပ်တွဲလုပ်နေတဲ့လူမို့သာ ဒီArtistကို သည်းခံနိုင်တာ။

အရင် ခုနှစ်နှစ် ဘဲနဲ့ကွဲတုန်းကလည်းကွဲလို့။ အခုပေါင်းတော့လည်းပေါင်းလို့။ ဘဲနဲ့ပတ်သတ်ရင် အလုပ်ကိုပလစ်ပေါင်းများနေပြီ။ဘဲလို့လည်း ပါးစပ်နဲ့ထုတ်မပြောရဲဘူး။ "ကျွန်တော့်ကောင်လေးကို ဘဲလို့မသုံးနဲ့"ဆိုတဲ့ သောက်ကျိုးနည်း ဩဝါဒချတဲ့အသံတွေထွက်လာဦးမှာ။ Benကတစ်ခါခံထားဖူးတော့ သိတယ်။

"Mr.Vanteခဗျ... ပုံဆွဲတော်မူပါတော့"

ဟိုကဖြင့် သူ့ပေါင်ပေါ်ခေါင်းအုံးလို့ စက်တော်ခေါ်နေတဲ့အထိ ပေါင်ပေါ်ကမချပဲ တစိမ့်စိမ့်ထိုင်ကြည့်နေသတဲ့။

Stawberries&Cigarettes (Completed) Where stories live. Discover now