ep ~19~

7.6K 668 22
                                    

#Unicode

အဖွားလည်းအဆင်ပြေစွာခွဲပြီးခဲ့ပြီ။
ညနေရောက်တော့ဂျီမင်းနဲ့အတူအိမ်ကိုသာပြန်လာကြသည်။ကားမှတ်တိုင်ကနေဆင်းပြီးလမ်းလျှောက်လာတော့မိုးကတဖွဲဖွဲကြနေရင်း တဖြေးဖြေးသည်းလာခဲ့သည်။နှစ်ယောက်စလုံးထီးမပါတော့ဒီတိုင်းလမ်းဆက်လျှောက်လာကြသည်။

"ဂျီမင်း သူမနက်ကဘာပြောသွားသေးလဲ"

"ဘာမှမပြောသွားဘူး ဖုန်းနံပါတ်ပြောင်းထားတယ်တဲ့ ချွဲဟယ်နာ ပါ
ပါသွားတယ် ကျောင်းလိုက်တက်တာတဲ့ သူ့အမေကတော့မင်းမလာလို့
စိတ်မကောင်းဖြစ်နေတယ်ထင်တာပါပဲ"

"အင်း....ငါဝမ်းနည်းနေပေမယ့်ငိုလို့မရဘူး အဲ့ခံစားချက်မင်းသိပါ့မလား
ငါ...ငါ ရင်နာတယ် ပျော်ပျော်ရွှင်ရွှင်
ကျောင်းတက်ဖို့လာခဲ့မိတာကွာ"

"ဘာမှ မဖြစ်ဘူးထယ်ထယ် ဒါ ငါတို့ရဲ့လူငယ်ဘဝပဲ ဒါမျိုးကြုံတာမထူးဆန်းပါဘူး အချိန်တွေကြာတဲ့အထိမင်းသူ့ကိုမေ့လို့မရမှဆန်းမှာ"

"မေ့နိုင်ပါစေ"

"ဒါပေါ့ ခံစားလည်းခဏပဲ ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းကိုဆက်လျှောက်ဖို့က ကိုယ့်တာဝန်လေကွာ မင်းဘာလို့လမ်းခွဲလိုက်တာလဲတော့သိချင်မိတယ်"

"သူက ငါမပါရင်မသွားဘူးပဲပြောနေတာ မင်းသိတယ်မလား ငါတို့က
သာမန်မဟုတ်ဘူးလေ ကောင်လေးနှစ်ယောက်ကြိုက်တာက....သူကလုပ်ငန်းကြီးကိုဦးဆောင်မယ့်သူလေ သူကငါ့ကြောင့်နဲ့ဘာလို့ရှေ့ရေးကိုစွန့်လွှတ်ရမှာလည်း တစ်နေ့သူဒီလိုလုပ်နေတာတွေအတွက် နောင်တရသွားမှာစိုးတယ်"

"မင်းကလည်းအချစ်မှာကန့်သတ်ချက်တွေမရှိဘူး ဒီတိုင်းလူတစ်ယောက်က တစ်ယောက်ကိုချစ်တာဟာ လေးနက်တယ် သူဖြစ်နေလို့ကိုချစ်တာမျိုးကွာ
မိန်းကလေး ယောက်ျားလေး ဆိုတဲ့
သတ်မှတ်ချက်တွေမရှိဘူး ချစ်မိတာကိုကတန်ဖိုးထားစရာပဲ အဲ့လိုအချစ်မျိုးကလူတိုင်းကိုချစ်နေကြတာမဟုတ်ဘူးလေ သူ့ကိုပဲကိုယ့်ရဲ့အချစ်တွေကိုချပြချင်တာ သူဖြစ်နေလို့ဆိုတဲ့အကြောင်းပြချက်ပဲရှိတာ ငါကတော့ မင်းနှလုံးသားနောက်ကိုပဲလိုက်စေချင်တာ နှလုံးသားကစကားသံကိုကြားအောင်
နားထောင်လိုက်ပါလို့ပဲ အကြံပေးချင်တာ"

My Love Is Only One For You √Completed √   Where stories live. Discover now