.. ၁၈၃ ..
7.4K 884 17
《Zawgyi》
အပိုင်း - ၁၈၃
[ရုန်းကန်ရတဲ့ကံကြမ္မာထဲမှာ ပျော်ရွှင်မှုကိုရှာဖွေတာ - ၂]
"ဝမ်းယန့် မင်း သူတို့ကိုသိတယ်မလား? ... အဲဒီလူပြောခဲ့တာက ဘာကိုဆိုလိုတာလဲ?"
ရှန်ဝမ်းယန့်ကတော့ အခုထိ တိတ်ဆိတ်နေမိဆဲ ဖြစ်သည်။ သူမက ဖုန်းမချခင် ကမန်းကတန်း ပြောလိုက်သည်။
"ခိုင်းဗီယွန် ကျေးဇူးပါပဲ ... ရှင့်ကို နောက်မှ ကျေးဇူးဆပ်မယ်"
"ရပါတယ်!"
ရှန်ဝမ်းယန့်က ထိုစကားတွေကို တွေးတောမိနေဆဲပင် ဖြစ်၏။
"တစ်ယောက်ကိုတစ်ယောက် နာကျင်စေလိမ့်မယ် ... သူတို့နှစ်ယောက်ရဲ့ဇာတ်သိမ်းက လှမှာမဟုတ်ဘူး ရှီရှီပြောခဲ့သလိုပါလား?"
ရှန်းဝမ်းယန့်မှာ သူမရဲ့စိတ်ထဲက ခံစားချက်တွေကို ဘယ်လိုဖော်ပြရမလဲပင် မသိတော့ပေ။
ဖူးစာဆိုတာ တကယ်ရှိနေတာပဲ။ အဟက်။
********
ချင်းစုယွဲ့က ဟိုတယ်သို့ပြန်ရောက်ပြီးတော့ ချန်းစီနျန် ရေချိုးနေတုန်း အကြောင်းတစ်ခုပေးပြီး ကမ်းခြေကိုပြန်သွားဖို့လုပ်သည်။
ချန်းစီနျန်က ရေချိုးနေရင်းမှ ပြန်ပြောလေ၏။
"ကိုယ် ရေချိုးပြီးရင် မင်းနဲ့အတူသွားမယ်"
"ရပါတယ် .. သိပ်မဝေးဘူး ကျွန်မ ခဏနေရင် ပြန်လာခဲ့မယ်"
ချင်းစုယွဲ့က ဟိုတယ်မှထွက်ကာ တက်စီတစ်စီးကိုငှားကာ ထိုလမ်းသို့ ပြန်လာ၏။
နေလုံးကြီးက အနားယူတော့မည်။ ရွှေရောင်အလင်းတွေက တိတ်ဆိတ်တဲ့လမ်းမထက်တွင် ကျရောက်လျက်ရှိကာ ပိုလို့ပင် ဆန်းကြယ်ပုံပေါက်စေသည်။
ချင်းစုယွဲ့ဟာ 'ကြမ္မာဖတ်ရှုသည်' ဟူသည့် ဆိုင်းဘုတ်ရှေ့တွင် တိတ်ဆိတ်စွာ ရပ်နေမိသည်။
"ရောက်နေမှတော့ ဘာလို့ဝင်မလာတာလဲ?"
အတွင်းမှ ဝင့်ဝါတဲ့အငွေ့အသက်တို့ ရောယှက်နေတဲ့အသံ ထွက်ပေါ်လာသည်။ ကြည့်ရတာ သူမ နောက်တစ်ကြိမ် လာရှာမည်ကို မျှော်တွေးထားပုံရသည်။
ချင်းစုယွဲ့က မျက်နှာမသာမယာဖြင့် အတွင်းသို့ဝင်လိုက်သည်။ စိတ်ထဲကနေလည်း တုန်ရီလို့နေသည်။