Ep.12

22.7K 1.9K 15
                                    

Unicode

Ep.12

"ခလေးကို ဦးစားပေးပြီး ကယ်ပေးပါ"ဟု
ပြောလိုက်တော့ ဆရာဝန်မှ

"ကျွန်တော်တို့ဘက်က နှစ်ယောက်လုံးကို ကယ်တင်နိုင်ဖို့ အကောင်းဆုံးကြိုးစားမှာပါ"ဟုပြောကာ ခွဲစိတ်ခန်းထဲဝင်သွားသည်။

နာရီအတော်ကြာမှသာ ခွဲစိတ်ခန်းတံခါးက
ပွင့်လာတော့သည်။ဖြိုးမေ မတ်တပ်ထရပ်လိုက်ကာ

"ဒေါက်တာ လူနာအခြေနေက ဘယ်လိုလဲ"

"မိန်းခလေး မွေးပါတယ်။မိခင်ကိုလည်း
အကောင်းဆုံး ကြိုးစားထားပါတယ်။
အသက်အန္တရယ်ကို မစိုးရိမ်ရတေ့ာပေမဲ့
ဘယ်အချိန်မှ သတိပြန်လည်လာမလဲဆိုတာ
ကျွန်တော်တို့လဲ မပြောတတ်ပါဘူး"

"ဘာလို့အဲလိုဖြစ်ရတာလဲ။နေ့လယ်
တုန်းကတောင် သူအရမ်းကျန်းမာနေသေးတာ"

"လူနာက ဗိုက်နာတာကို အချိန်အတော်ကြာအောင်
သည်းခံထားတာကြောင့် ခွန်အားတွေ
အတော်များများ ဆုံးရှုံးထားသလို၊
နဂိုထဲက အမျိုးသားကိုယ်ဝန်ဆောင်က ပိုပြီး အန္တရယ်များတာလဲပါတယ်။ခလေးကိုတော့
ခလေးများသီးသန့်အဆောင်မှာ သွားကြည့်လို့ရပါပြီ။လူနာကိုတော့ အခန်းထဲကို ရွှေ့ပြီးသွားရင်
ကြည့်လို့ရပါပြီး။ကဲ ကျွန်တော့်ကို
ခွင့်ပြုပါအုံးခင်ဗျာ"

ဖြိုးမေ ခလေးကိုသွားကြည့်လိုက်တော့
ခလေးက မွေးကင်းစ ခလေးတွေ ထားတဲ့အခန်းမို့ အခန်းထဲထိတော့ ဝင်ကြည့်လို့မရခဲ့ပါ။
လူနာအခန်းထဲက ကောင်လေးကတော့ သတိမေ့မြောနေတယ်လို့သာဆိုတယ် အိပ်နေတဲ့အတိုင်းပင်။

ဖြိုးမေလည်း စီစဉ်စရာရှိတာ စီစဉ်ပြီး ကောင်လေးကို ပြုစုပေးဖို့အတွက် Nurse တစ်ယောက်ငှါးကာ အိမ်ပြန်ဖို့လုပ်ရသည်။သူ(မ)ကိုယ်တိုင်
ညအိပ်စောင့်ပြီး ပြုစုပေးချင်ပေမဲ့ မဖြစ်နိုင်ဘူးမဟုတ်ပါလား။သူ(မ)အိမ်မှာလည်း လသားအရွယ်ခလေးရှိသေးသည်လေ။

နောက်တစ်နေ့တွင်

ဖြိုးမေမှာ သူ(မ)ခလေးကို နို့တိုက်ကာ
အိပ်ပျော်အောင် သိပ်ပြီးသည်နှင့် ဆေးရုံကိုသွားရန်ပြင်ဆင်ရသည်။

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now