.. ၁၈၄ ..
6.9K 813 6
《Zawgyi》
အပိုင်း - ၁၈၄
[ဇနီးအနားမှာ နေမှာ - ၁]
ဟန်းနီးမွန်း ခရီးတိုလေး ပြီးဆုံးသွားပြီး သူတို့က ရှန်ကျင်းမြို့သို့ ပြန်ရောက်လာကြကာ တစ်နေ့လုံးကို ချန်းအိမ်တော်ကြီးမှာပဲ နေဖြစ်သည်။ ချင်းစုယွဲ့က သူမတို့နှစ်ယောက် ခရီးမှာရွေးချယ်ထားခဲ့တဲ့ အဖိုးတန်လက်ဆောင်ပစ္စည်းတွေအား လူကြီးတွေကို တစ်ယောက်ချင်းစီ ပေးအပ်လိုက်သည်။
ဘိုးဘိုးချန်းက သူ့ရဲ့ ကြိမ်ကုလားထှိုင်ကိုလှုပ်လျက် ပျော်ရွှင်စွာပြုံးနေသည်။
"မြေးချွေးမလေး နောက်ဆုံးတော့ ပြန်လာပြီပဲ ... အခုဆိုရင် ဒီအဘိုးကြီးနဲ့ စစ်တုရင်ကစားပေးနိုင်မယ့် တစ်ယောက် ရှိလာပြီ"
ကျော့ရှင်းအထက်တန်းကျစွာဖြင့် လဘက်ရည်ငှဲ့နေတဲ့ ချန်းစီနျန်က ခေါင်းတောင် မော့ကြည့်မလာပဲ ပြောလေသည်။
"ကျွန်တော့်ဇနီးက ဘိုးဘိုးနဲ့အတူ စစ်တုရင်ကစားပေးမှာ မဟုတ်ဘူး"
ဒါကိုကြားတဲ့ ဘိုးဘိုးချန်းက သူ့ဘေးက ကြိမ်လုံးကိုဆွဲကာ ချန်းစီနျန်ရဲ့ သွယ်တန်းဖြောင့်စင်းလှတဲ့ ခြေထောက်တွေကို လှမ်းရိုက်တော့လေသည်။
ချန်းစီနျန်ရဲ့အကြည့်က လဘက်ရည်ခွက်ပေါ်မှာသာ ကျရောက်နေပေမယ့် ဘိုးဘိုးချန်ရဲ့ တိုက်ခိုက်မှုကိုတော့ လျင်မြန်စွာနဲ့ပဲ အောင်အောင်မြင်မြင် ရှောင်ရှားနိုင်ပေသည်။
ချန်းစီနျန်နောက်မှာရပ်နေပြီး ဝမ်ယဉ်းလင်နဲ့ စကားပြောနေတဲ့ ချင်းစုယွဲ့မှာတော့ ဘိုးဘိုးချန်းရဲ့ကြိမ်လုံး ချန်းစီနျန်ထံ ရွေ့သွားတာ တွေ့လိုက်ရတော့ ချန်းစီနျန်အရိုက်ခံရမှာစိုး၍ အသက်တောင် မရှူထုတ်ဝံ့ပေ။ ချောမွေ့စွာ ရှောင်လိုက်နိုင်တာကိုပဲ ကျေးဇူးတင်ရမည်။
သူမက ထိုအခါမှ သက်ပြင်းချရသည်။
"ဘိုးဘိုး"
ဝမ်ယဉ်းလင်က သူမရှေ့မှာရပ်နေတာဖြစ်၍ မည်မျှ ထိတ်လန့်သွားရသည်ကို တွေ့လေရာ ချင်းစုယွဲ့ရဲ့လက်လေးတွေကို ဖွဖွပုတ်ပေးလာသည်။
"မစိုးရိမ်ပါနဲ့ ... သမီးရဲ့ဘိုးဘိုးနဲ့ ချန်းစီနျန်က အမြဲအဲ့လိုပဲ ... ချန်းစီနျန် ငယ်ငယ်ထဲက"
အချိန်အများစုမှာ ချန်းစီနျန်သာ တမင်သပ်သပ် ဘိုးဘိုးချန်းရဲ့ရိုက်နှက်မှုကို မခံယူလျင် ဘိုးဘိုးချန်းက ချန်းစီနျန်ကို ဘယ်လိုလုပ် ရိုက်နိုင်မည်နည်း?